On 2 comments

နောက်နေ့  ထမင်းစားခန်းရောက်တော့ ခြေထောက်မှာ စည်းစရာ ပတ်တီးမရှိလို့  ပါလာတဲ့ လည်ပင်းပတ်   ပုဝါကိုပဲ  ခြေထောက်မှာ စည်းပြီး ထော့နဲ့ ထော့နဲ့ နဲ့  လာတဲ့ ကျွန်မကို အားလုံးက လျှောက်နိုင်ရဲ့လား။ သွားနိုင်ပါ့မလားလို့  ၀ိုင်းမေးကြပါတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲနော်။ သွားဖို့  လာခဲ့တာ ဖြစ်အောင်တော့ သွားရမှာပေါ့။ ကိုယ်တစ်ယောက်ထဲ ကားပေါ်ထိုင်ကျန်ခဲ့လို့ မှ အဆင်မပြေတာလေ။ ဒီနေ့ မနက်စာစားပြီး ၈နာရီ ၃၀မိနစ်လောက်မှာ ဟိုတယ်က ထွက်ပြီး Safari World ကို သွားကြပါတယ်။

ဟိုရောက်တော့ Safari World အတွင်းက တိရစ္ဆာန်တွေကို ကားနဲ့  ပတ်ကြည့်ကြပါတယ်။ သဘာဝအတိုင်း လွတ်လပ်စွာ နေနေကြတဲ့ ငှက်တွေ တောရိုင်းတိရစ္ဆာန်တွေကို ကားပေါ်မှာ ပါတဲ့ ကလေးတွေနဲ့  ရောပြီး အာမေဋိတ်သံ အစုံနဲ့  ကြည့်ရ တာလည်း အရသာတစ်ခုပါပဲ။ ကျားတွေ ခြင်္သေ့တွေကို ဒီအတိုင်း လွတ်လပ် စွာ ထားတာကိုလည်း တွေ့ ခဲ့ရပါတယ်။

Sufari World ကို အပြင်ကနေ တပါတ် ပတ်ကြည့်ပြီးတော့ အထဲကို ၀င်ကြပါတယ်။ ချော်လဲထားလို့  လတ်လတ် ဆတ်ဆတ် ခြေထောက်နာတဲ့ ကျွန်မ အတွက်တော့ တကယ့်ကို ပင်ပန်း နာကျင်ခြင်းပါပဲ။ တနေရာနဲ့  တနေရာကလည်း အဝေးကြီးပါ။ လျှောက်လိုက်ရတာလည်း ပြောမနေပါနဲ့ တော့။

ပထမဆုံး မျောက်တွေပြတဲ့ပွဲ (Monkey Show) ကြည့်ပါတယ်။ ရှိုးပွဲတွေကြည့်ရတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမဲ့ ပွဲမစခင် ကြိုတင် နေရာယူရပြီး ထိုင်စောင့်မှ ကောင်းကောင်း အေးအေးဆေးဆေး ကြည့်ခွင့်ရတာပါ။ ဒါပေမဲ့ စင်ပေါ်တက်လိုက် ပြန်ဆင်းလိုက်နဲ့  ခြေထောက်နာသမားအတွက်တော့ အဆင် မပြေလှပါဘူး။

မနက်ပိုင်းမှာ Monkey Show နဲ့ Sea Lion Show ကြည့်ပါတယ်။ ပြီးတော့ နေ့ လည်စာကို Safari Word အတွင်းရှိ Jungle Crusie Restaurant မှာ ဘူဖေး ကျွေးပါတယ်။ ထမင်းစားပြီးတော့ Cow Boy Show နဲ့  Dolphin Show ပွဲတွေ ဆက်ကြည့်ကြ ပါတယ်။ အားလုံးပြီးလို့  Safari World က ထွက်လာတော့ နေ့ လည် ၂နာရီရှိပါပြီ။ ခြေထောက်ကလည်း လျှောက်ထားတာ များလို့  ရောင်ကိုင်းနေပြီမို့  ဆေးထပ်လိမ်းပြီး ဆေး သောက်ရပါတယ်။ အဲဒီကနေ MBK Shopping mall ကို ပို့ ပေးပါတယ်။

MBK Shopping mall မှာ ဈေးဝယ်ဖို့  ၂နာရီလောက် အချိန်ရပါတယ်။ အားလုံးကို ညနေ ၅နာရီမှာ MBK Shopping mall ရဲ့ ကားပါကင်မှာ ပြန်ဆုံဖို့  ချိန်းပါတယ်။ အားလုံးပဲ ကိုယ်စိတ်ဝင်စားရာ နေရာအသီးသီး ဆီကို ဈေးဝယ်ဖို့  ထွက်သွားကြပါတော့ တယ်။ ကျွန်မကတော့ ဖုန်းဝယ်ချင်တာမို့  လျှပ်စစ်ပစ္စည်းတွေ ရောင်းတဲ့ ကောင်တာတွေကို အရင် လိုက်ကြည့်ပါတယ်။

Laptop တွေ၊ ဟန်းဖုန်းတွေ လိုက်ငမ်းတာပေါ့။ နောက်တော့ စိတ်ကြိုက်တွေ့ တာနဲ့  Samsuang Glaxy Mini Touch Phone လေး တစ်လုံးဝယ်ခဲ့ပါတယ်။ ဘတ် ၆၅၀၀ ပဲ ပေးရပါတယ်။ (ဒီဖုန်းလေးကို မနေ့ က MR. Phone မှာတွေ့ လို့  ဈေးမေးကြည့် တော့ ၃သိန်းအတိပါတဲ့။ ကိုယ်ဝယ်လာတာ တော်တော်လေး တန်လို့  စိတ်ချမ်းသာသွားပါတယ်။) ကျွန်မက ဖုန်း Crazy လေ။

အင်္ကျီနဲ့  ဖိနပ်ကတော့ အရမ်းပေါတာပါပဲ။ ဖိနပ်တစ်ရံပြီး တစ်ရံစီးကြည့်လိုက် ရွေးလိုက်နဲ့ MBK က ပြန်လာ ချိန်မှာ ကိုယ့်အတွက်ပဲ ဖိနပ် ၃ရန်၊ ဖုန်း ၁လုံးနဲ့  အင်္ကျီ ၃ထည် ပါလာပါတယ်။ ဒါတောင် ခြေနာနာမို့ နဲ့  ဟိုကြည့် သိပ်မလျှောက်နိုင်လို့ ပါ။ ဒီလိုနဲ့  ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့ ပဲ ညနေ ၅နာရီ ထိုးသွားပါတယ်။ အားလုံး လူစုံပြီး ပြန်ထွက်တော့ ညနေ ၅နာရီ မိနစ် ၃၀ပါ။

ဒီည ညစာကို Chaophraya Princess မှာ စားမှာပါ။ ကျောက်ဖရားမြစ်တွင်းစီး သင်္ဘောပေါ်မှာ ဘန်ကောက် မြို့ ရဲ့ ညနေဆည်းဆာ အလှကို ခံစားကြည့်ရှုရင်း သဘောင်္ပေါ်မှာ ညစာစားမှာ ဖြစ်ပါတယ်။ သင်္ဘောစီးရမဲ့ ဆိပ်ကမ်းကိုရောက်တော့ ညနေ ၆နာရီရှိပါပြီ။ သဘောင်္က ည ၇နာရီ ၃၀မိနစ်မှ စီးရမှာမို့  အဲဒီ ဆိပ်ကမ်းတ ၀ိုက်က ဆိုင်တွေမှာ Shopping ထွက်ရင်း၊ ဓာတ်ပုံရိုက်ရင်းနဲ့  အချိန်ဖြုန်းကြပါတယ်။ ညနေ ဆည်းဆာအလှ ကုန်ဆုံးသွားပြီမို့ သဘောင်္စီးချိန်မှာ မှောင်နေပါပြီ။

၂ထပ်သင်္ဘောပေါ်မှာ ကျွန်မတို့  အဖွဲ့ အားလုံးက အပေါ်ထပ်မှာပါ။ ညစာကတော့ ခါတိုင်းလိုပါပဲ။ ထုံးစံ အတိုင်း ဘူဖေးပဲပေါ့။ စားရတာလည်း နည်းနည်းတော့ ငြီးငွေ့ လာပါပြီ။ ဒါကြောင့် သွားမတိုးတော့ပဲ အေးအေး ဆေးဆေး လူရှင်းချိန်ကျမှ သွားယူပါတော့ တယ်။ ဘန်ကောက်မြို့ ကြီးကတော့ မီးရောင်အောက် မှာ လှပနေတာပါပဲ။ မြစ်အတွင်းမှာ လေလေး တဖြူးဖြူးနဲ့  အရမ်းကို ဇိမ်ရှိ ပါတယ်။ ဘာလို့ လဲဆိုတော့ တာဝန်တွေ အလုပ်တွေကို မေ့ထားခွင့်ရလို့ လေ။

သဘောင်္က ကျောက်ဖရား မြစ်ကြောင်းအတိုင်းသွား တပတ်ပတ်ပြီး ပြန်လာပါတယ်။ ဆိပ်ကမ်းကို ပြန်ရောက် တော့ ည ၉နာရီ ၃၀ မိနစ်။ ထုံးစံအတိုင်း ဟိုတယ်ကို ပြန်ရောက်ဖို့  မိနစ် ၃၀လောက် ကားစီး၊ ဟိုတယ် ရောက်တော့လည်း တနေကုန် လည်ပတ်ထားလို့  မလျှောက်နိုင်လောက်အောင် နာနေတဲ့ ခြေထောက်လေး ကို ကိုယ့်ဘာသာ ဖေးမ အားပေး ဆေးလူး ဆေးသောက်ရင်း အိပ်ရာဝင်ခဲ့ပါတော့တယ်။ ဓာတ်ပုံတိုင်းမှာတော့ ခြေထောက် ပတ်တီးလေးနဲ့ ပေါ့။

2 comments:

pinklady princess said...

နေပြည်တော် က safari world လိုပဲလား ဟင်

may zuu said...

မက နေပြည်တော်က Safari World ကို မရောက်ဘူးတော့ မပြောတတ်ဘူး မသင်းရယ်။

Post a Comment