On 0 comments

စေတနာကြောင့်ပဲ ဖြစ်ဖြစ်
ဝေဒနာကြောင့်ပဲ ဖြစ်ဖြစ်
မြားတစ်စင်းကို ပစ်လွှတ်ခဲ့တယ်။

မြားပစ်တဲ့သူရဲ့ ခံစားမှုက
တဒင်္ဂ စိတ်ထွက်ပေါက်ရယ်ပါ။
အပစ်ခံရသူအတွက်ကတော့
ထာဝရ ဒဏ်ရာ ဖြစ်ခဲ့ပြီ။

ဒီလိုပါပဲ
စကားတစ်ခွန်းဟာ
ပြောလိုက်တဲ့သူအတွက်
စိတ်ထွက်ပေါက် တစ်ခု ဖြစ်ပေမဲ့
အပြောခံရသူအတွက်ကတော့
တသက်စာ
နာကျင်မှု ဖြစ်ခဲ့ပြီ။

အကြောင်းတိုက်ဆိုင်တိုင်း
ပတ်သက်မှု ရှိလေတိုင်း
ထိခိုက်မိလေတိုင်း
သွေးစိမ်း ရှင်ရှင် ထွက်စေမဲ့
ဘယ်တော့မှ
မကျက်တော့မဲ့
သေရာပါ ဒဏ်ရာတစ်ခုပေါ့နော်။

0 comments:

Post a Comment