On 0 comments


ချစ်သူ သိစေ
မတွေဝေနှင့်
ငါ၏ ချစ်ခြင်း
အပြစ်ကင်း၏


ချစ်သူ သိစေ
မတွေဝေနှင့်
ငါ၏ စိတ်တွင်း
မာနကင်း၏


ချစ်သူ သိစေ
မတွေဝေနှင့်
ငါ၏ ဖြစ်ခြင်း
မင်းအတွက် ဖြစ်၏


ငါ၏ စိတ်တွင်း
ပျိုခြင်း၊ အိုခြင်း
အလျဉ်းမရှိ
သင့်အတွက်
ချစ်ခြင်းသာလျှင်
အစဉ်ရှိ၏

0 comments:

Post a Comment