On 0 comments

ပထမ ၊ ဒုတိတယ ၊ တတိယ ဆုတွေကို မကြေငြာပေးခင်မှာ အရင်ဆုံး ဇကာတင်စာရင်းဝင်ခဲ့တဲ့ ကဗျာများကို ပရိတ်သတ်သိအောင် တင်ပြပေးချင်ပါတယ်....။ ပုံမှန်ကတော့ ဇကာတင် ကဗျာကို (၅)ပုဒ်ပဲရွေးခဲ့တာပါ ။ဒါပေမယ့် ရမှတ်အားလုံးကိုပေါင်းကြည့်တဲ့အခါမှာ ကဗျာ (၂)ပုဒ်က အမှတ်တွေ တူနေတဲ့အတွက် (၆)ပုဒ်ဖြစ်သွားရပါတယ် ။ ခု(၆)ယောက်ထဲက (၃)ယောက်က ဘယ်သူတွေဖြစ်မလဲဆိုတာတော့ မကြာခင်မှာ အဖြေပေါ်လာပါလိမ့်မယ်....။ဒီစာရင်းထဲမှာ မပါတဲ့ ကဗျာဆရာများအနေနဲ့လည်း မိမိတို့ကဗျာနဲ့ ရွေးချယ်ပေးကြသူ ဒိုင်လူကြီးများရဲ့ အကြိုက်တို့ မကိုက်ညီကြလို့သာ ဖြစ်ကြောင်း နားလည်ပေးကြဖို့ အနူးအညွတ် မေတ္တာရပ်ခံ အပ်ပါတယ်။

ဇကာတင် (၆)ဦးကတော့

ဒဏ် - ကဗျာနဲ့ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ကိုကြည်နိုင် (ကျုံတိုင်းရွာ)
လှည့်မကြည့်ဘဲမြင်နေရတဲ့နေ့ - ကဗျာနဲ့ဝင်ရောက်ယှဉ်ပြိုင်တဲ့ စိုးပိုင်ဦး
ရာဇ၀င်ထဲမှာ နာဂစ်ကိုမထားခဲ့နဲ့ - ကဗျာနဲ့ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုချစ်ရန်တိုး
ကုန်ဆုံးလွန်မြောက်ပါစေကွယ် - ကဗျာနဲ့ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုသစ်ကို
ဂွတ်ဘိုင်နာဂစ် - ကဗျာနဲ့ဝင်ရောက်ယှဉ်ပြိုင်တဲ့ romance135
နာဂစ် - ကဗျာနဲ့ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုအောင်ကျော်ထူး


တို့ပဲဖြစ်ပါတယ် ။

နာဂစ်ကဗျာပြိုင်ပွဲ ဖြစ်မြောက်ရေးအဖွဲ့

0 comments:

Post a Comment