On 0 comments






ငါ၏ မေတ္တာ
များစွာ ဖြန့် ကျက်
ဝဲလျှက်ရှိလည်း
သင့်အပေါ် ချစ်ခြင်း
မြူတစ်ပွင့်မျှ
မစွန်းထင်းခဲ့။


ငါ၏ လှုပ်ရှား
လုပ်ငန်းများသည်
ထင်ပေါ်လို၍
အောင်မြင်လိုခြင်း
အလျဉ်းမရှိ
ငါ ကျိန်ဝံ့သည်။


ငါ၏ လှုပ်ရှား
ငါ့စိတ်ထားကား
မောဟကင်း၍
လောဘမရှိ
ငါ ကျိန်ဝံ့သည်။


မယှဉ်အပ်သော
မတူညီသည့်
ငါ့မေတ္တာနှင့်
ငါ့ချစ်ခြင်းကို
၂ဘက်ယှဉ်၍
ချိန်ခွင်ပေါ်တင်
သင် နှိုင်းယှဉ်လျှင်
သင် သာလျှင်
မှားလိမ့်မည်
ချစ်သူ။

0 comments:

Post a Comment