On 0 comments


 

မြန်မာနှစ်ဦး အတာသင်္ကြန်မှာ တစ်ခုခု မစီစဉ်ဘူးလားလို့  မွန်က တတွတ်တွတ် မေးနေခဲ့တာ ကြာပါပြီ။ ကျွန်မတို့ လည်း စိတ်ကူးရှိပေမဲ့ လုပ်ဖြစ် မဖြစ်၊ လုပ်နိုင် မလုပ်နိုင်၊ လုပ်ရင်လည်း ဘယ်မှာ လုပ်မလဲ ဘယ်လို လုပ်မလဲ ဆိုတာ မပြောရ မတိုင်ပင်ရသေးတော့ ဘာမှ အတည်ပြု မပြောနိုင်သေးဘူး ဖြစ်နေတာပါ။

တကယ်တမ်း သင်္ကြန်တွင်းမှာ စတုဒီသာ ကျွေးချင်တယ်လို့  ဆန္ဒပြု စပြောခဲ့တာ မြိတ်သားနဲ့  မြိတ်သား အမျိုးသမီး ညီမငယ် ချိုချိုခိုင်ရယ်ပါ။ သူတို့  ပြောတော့ အားလုံးကလည်း သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်မှာ ကျွေးမယ်၊ ဘာကျွေးမယ်ဆိုတာ မစီစဉ်ရသေးပါဘူး။

၃.၄.၁၁ က ကျွန်မတို့  အမြဲ သွားလှူနေကြ ကျောက်တန်းမြို့က ဇမ္ဗုဥသျှောင် သီလရှင်သင် (အခမဲ့) ပညာ ရေးကျောင်းကို သွားပြီး ကွန်ပျူတာနဲ့  ဆက်စပ်ပစ္စည်းတွေ သွားလှူကြပါတယ်။ အဲဒီ ကျောင်းလေးမှာ စတုဒီသာ ကျွေးချင်တဲ့ စိတ်ကူးကတော့ အားလုံးမှာ ရှိနေပြီးသားပါ။

အဲဒီကို ရောက်တော့ ကျောင်းအုပ် သီလရှင် ဆရာလေး ဒေါ်ဝိမလစာရီကို မေးကြည့်တဲ့အခါ ၁၃.၄.၁၁ နေ့  ကစပြီး တရားစခန်း (၇) ရက် ဖွင့်မှာ ဖြစ်တယ်လို့  သိရပါတယ်။ ၁၂.၄.၁၁ မှာ ရွာထဲက အချို့ နဲ့  ဧည့်သည် အချို့ ကို သီလရှင် ၀တ်ပေးမယ်လို့  ပြောပါတယ်။ နောက်ပြီး ၁၂.၄.၁၁ ကစပြီး တရားစခန်း ၀င်မဲ့ ဧည့်သည်တွေ ယောဂီတွေ ရောက်တော့မယ်လို့ လည်း သိရပါတယ်။

ဒါကြောင့် သင်္ကြန်မကျခင် သွားရေး လာရေးလည်း လွယ်တုံး၊ လူလည်းစုံတုံး ၁၂.၄.၁၁ မှာ စတုဒီသာ ကျွေး မယ်။ ကျောင်းရှိ ဆရာလေးတွေ ယောဂီ၊ တရားစခန်းဝင်တဲ့သူ အပါအ၀င် ၂၀၀လောက် ရှိမှာမို့  မနက်စာ ဆွမ်းတစ်နပ်ပါ ကပ်ပါမယ်။

ပြီးရင် ကျောင်းရှိ ဧည့်သည်အကုန်နဲ့  ရွာထဲက လူတွေကို စတုဒီသာ ရွှေရင်အေး တိုက်မယ်လို့  စီစဉ်လိုက် ပါတယ်။ အကြမ်းဖျင်း ဧည့်သည် ၅၀၀-၆၀၀ စာလောက် ကျွေးဖို့  ပြင်ဆင် လုပ်ကိုင်လာမယ်လို့  ဆရာလေး ကို လျှောက်ခဲ့ပါတယ်။

အားလုံးကို မာတီက လူတွေပဲ ၀ိုင်းပြီး တစ်ယောက် တစ်လက် ၀ိုင်းလုပ်ကြမှာပါ။ ၁၂.၄.၁၁ မနက် ၈နာရီခွဲ လောက် ကျောက်တန်း ရောက်အောင် သွားပြီး ပြင်ဆင် လုပ်ကိုင်မယ်လို့  ရည်ရွယ်ထားပါတယ်။ အားလုံး လည်း စတုဒီသာအတွက် လှူဒါန်းနိုင်သလို ကိုယ်တိုင် လိုက်ပါ ဆင်နွှဲကြပါလို့ နော်။

ဒီမှာ ကြုံတုံး တစ်ခုလောက် ပြောချင်တာကတော့ တစ်ခုခုလုပ်မယ် ကြံလိုက်တိုင်းမှာ တတ်နိုင်သလောက် အဖွဲ့ ဝင်တွေကို စုစည်းပါတယ်။ နီးစပ်ရာ ဖုန်းဆက်ပါတယ်။ လာနိုင်ရင် လာဖို့  ပြောပါတယ်။ လူစုံတုံးလေးမှာ လုပ်ချင်တာလေးတွေ တိုင်ပင်ပါတယ်။ ပြောဖြစ်ပါတယ်။

ပြီးရင် ဘာတွေ ပြောဖြစ်တယ် တိုင်ပင်ဖြစ်တယ်ဆိုတာ နီးစပ်ရာကို ပို့ စ်တင်၍ တစ်မျိုး၊ ဖုန်းနဲ့ တစ်မျိုး တတ်နိုင် သလောက် အကြောင်းကြား ဖြစ်ပါတယ်။ တစ်ခါမှ ကိုယ်က Admin ဆိုတဲ့ စိတ်နဲ့  ကိုယ့်သဘောနဲ့  ကိုယ် မလုပ်ခဲ့ပါဘူး။ ကိုယ်တတ်နိုင်တဲ့ အလှူမျိုး လုပ်ရင်တောင် MMG ခေါင်းစဉ်နဲ့  လုပ်ဖို့  အမြဲ စဉ်းစား ခဲ့ကြပါတယ်။

ဒါပေမဲ့ တခါတရံမှာ ပြန်ကြားရတာတွေက စိတ်မကောင်း ဖြစ်ရပါတယ်။ ကိုယ်လုပ်တဲ့ စေတနာလေးဟာ ဘာကြောင့် ခေါင်းစဉ်ပြောင်း သွားရတာလည်းလို့  စိတ်မကောင်းရတာလည်း အခါခါပါပဲ။ သာစေ၊ နာစေ ဆိုတဲ့ စိတ်မရှိခဲ့တာလည်း အမှန်ပါပဲ။

ခုလည်း စတုဒီသာ လုပ်ဖို့ ကိစ္စကို ၃.၄.၁၁ အလှူနေ့ က တွေ့ တဲ့လူတွေနဲ့ ပဲ တိုင်ပင် ဖြစ်ခဲ့ပါတယ်။ ကောင်း တဲ့ ကိစ္စမို့  ဘယ်သူမှ မကန့် ကွက် လောက်ဘူးလို့ လည်း ထင်လို့  အားလုံး တိုင်ပင်ပြီး စီစဉ်ခဲ့တာပါ။ အားလုံး နားလည်ပေးနိုင်မယ်လို့  မျှော်လင့်ရင်း

0 comments:

Post a Comment