ရယ်ဖို့ ကောင်းတဲ့ အလွဲတစ်ခုကတော့ ကျွန်မတို
့တွေ အားလုံးပြီးစီးလို့  ဓာတ်ပုံတွေရိုက် ဆိုင်းဘုတ်တွေ သိမ်း၊
ဗွီနိုင်းတွေ ဖြုတ်၊ ဟက်ပီးဝေါလ်ကလည်း နောက်တစ်ပွဲဆက်ဆိုမဲ့ အဆိုတော်ရဲ့
တေးစီးရီး မိတ်ဆက် လက်မှတ်ထိုးပွဲအတွက် ဗွီနိုင်းတွေ လဲပြီးချိန်မှာ
တမနက်လုံး တမျှော်မျှော်လုပ်နေရတဲ့ Sky Net အဖွဲ့ သားများ ရောက်ချလာပါတယ်။
MMG အဖွဲ့ ရဲ့ ဂီတဖျော်ဖြေပွဲကို ရိုက်ဖို့ တဲ့လေ။
တကယ့်ကို ငိုအားထက် ရယ်အားသန်ပါ။ အ၀င်ဝက ဗွီနိုင်းတွေတောင် အိမ်ပြန်ရောက်ကုန်ပြီ။ ဒါကြောင့် သူတို့  အင်တာဗျူးရိုက်မယ်ဆိုရင်တောင် အဆင်မပြေတော့ပါဘူး။ လူတွေကလည်း ပင်ပန်းနေကြပြီ။
အဆို တော်တွေကို ပြန်ပို့ တဲ့သူကပို့ ၊ ၃၉လမ်းက ကိုလင်းအိမ်ကို ပစ္စည်းသွားသိမ်းသူက သိမ်းနဲ့  အားလုံး လူစုခွဲဖို့  ကြံစည်နေကြပြီလေ။
ကျွန်မတို့  Admin ၄ဦးကတော့ ကိုလင်း အိမ်ကိုပြန်ပြီး ခေါင်းချင်းဆိုင် တွက်ချက်ကြပါတယ်။ ဒီအချိန်မှာ အမြတ်ကျန်မကျန် စာအုပ်ထုတ်ဖို့  ရန်ပုံငွေ ရမရဆိုတာထက် ပွဲလေး အောင်အောင်မြင်မြင် ပြီးဆုံးသွား တာနဲ့ တင် ကျေနပ်သွားခဲ့ပါပြီ။ ၂နှစ်ပြည့်ပွဲ ဆက်လုပ်ဖို့ လည်း ခွန်အားများလည်း ရရှိသွားပါပြီ။
အားလုံး မှတ်မိသမျှ စာရင်းလေးတွေ ၀ိုင်းဝန်းတွက်ချက်တော့ ကျွန်မတို့ ပွဲလေးက စာရင်းထဲမှာ အမြတ် က ၁သိန်းကျော်ကျော် ရပါတယ်။ (လက်မှတ်ရောင်းထားပြီး ပိုက်ဆံ မရသေးတာတွေလည်း ရှိတယ်လေ) ဒါဆိုရင်လည်း မဆိုးပါဘူးပေါ့။ လူမ၀င် ပွဲမစည်လို့  အရှက်တော့ ကွဲတော့မှာပဲရယ်လို့  ထင်ထားရာက ပွဲလေးလည်း စည်စည်ကားကား အောင်အောင်မြင်မြင်နဲ့  ပြီးသွား၊ အမြတ်လည်း ရတယ်ဆိုတော့ အားလုံးရဲ့ မျက်နှာမှာ အပြုံးကိုယ်စီနဲ့ ပါ။
ပွဲရဲ့ စာရင်းလေး လုပ်ပြီးချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် မွန်က ဖုန်းဆက်လာပါတယ်။ အခြေအနေ ကောင်း လား။ ဘယ်လိုလဲဆိုပြီးတော့ပေါ့။ ဒါကြောင့် ကိုလင်းအောင်ပြည့်ကတောင် သူ့ ပွဲလေး စည်စည်ကား ကား အောင်အောင်မြင်မြင် ပြီးသွားကြောင်း လှမ်းကြွားလိုက်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့  အားလုံး ၀မ်းမြောက်ပီတိ ဖြစ်ရတာ အမှန်ပါပဲ။
ပွဲလုပ်လို့ ရတဲ့ အကြီးဆုံး အမြတ်ကတော့ ကွဲကွာနေတဲ့သူတွေကို ပြန်ဆုံစေတာပါပဲ။ ဒီနေ့ မှ ပြန်ပေါ် လာတဲ့ မာတီကနေ လုံးဝကို ပျောက်ချက်သားကောင်းနေတဲ့ လင်းထက်ကိုလည်း ကိုအုန်းက ၃၉လမ်းကို ခေါ် လာခဲ့ပါတယ်။ သူလည်း မာတီသိပ်မသုံးဖြစ်တဲ့အကြောင်းပြောရင်း မာတီနဲ့  MMG နဲ့  ပတ်သက် တဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ပါတယ်။ ကိုချစ်လည်း မန္တလေးက ရောက်နေတာ ဆိုပြီး ခေါ်လာပါတယ်။ အားလုံး ပွဲလေးရဲ့ အောင်မြင်မှုကို ပြန်ပြောပြရင်း ကြည်နူးနေကြပါတယ်။
အဲဒီမှာ လူစုံတုန်း ၂နှစ်ပြည့်ပွဲ ဘယ်နေရာမှာ လုပ်ရင် ကောင်းမလဲ တိုင်ပင်ကြပါတယ်။ တိုင်ပင်တယ် ဆိုတာထက် လူစုံတုံး အတည်ပြုတာပါ။ ရှေ့ ပိုင်းရက်တွေထဲက ၃-၄ နေရာလောက်ကို ဈေးနှုန်း အခြေ အနေ စုံစမ်းထားပြီးပါပြီ။
ကျွန်မတို့ က ၂နှစ်ပြည့်ပွဲကို City Star Hotel မှာ လုပ်မယ်လို့  ကြံစည်ထားတာပါ။ အကျွေးအမွေး၊ Stage စင်၊ Projector စတာတွေပါ ရပြီး ခန်းမကလည်း ကျွန်မတို့  ၂နှစ်ပြည့်ပွဲ လာနိုင်တဲ့ လူအင်အား ၆၀စာလောက်ဆို ကွက်တိပဲမို့  အဲဒီနေရာကိုပဲ ရွေးချယ်လိုက်ပါတယ်။ အကျွေးအမွေးအပါ ခန်းမကြေး အပြီးအစီးကို ကျပ် တစ်သိန်းခွဲလောက်ကျမှာပါ။ အခမ်းအနားအတွက်ကို ကျွန်မ တာဝန်ယူပေးပါ့မယ်လို့  အစထဲက ပြောထားတော့ စိတ်ပူစရာ တစ်ခုကတော့ လျှော့သွားပါပြီ။
အရေးကြီးတဲ့ နှစ်ပတ်လည် စာအုပ်ကိစ္စပဲ ကျန်ပါတော့တယ်။ စာအုပ်အတွက်က အချိန် သိပ်မကျန်တော့ ပါဘူး။ ဒီနေ့  က အောက်တိုဘာလ၂ရက်၊ ပွဲက အောက်တိုဘာလ ၁၆ရက်နေ့ ဆိုတော့ စုစုပေါင်း ၁၄ရက် ပေါ့။ ၁၄ရက်မှာ ဒီနေ့ ရယ် ပွဲနေ့ ရယ် ဖယ်လိုက်ရင် ၁၂ရက်ပဲ ကျန်ပါတော့တယ်။ ဒီအချိန်လေး နဲ့ စာအုပ်ကို အပြီးလုပ်ရမှာ ပါ။ စာမူတွေ စုထားပြီးတာကလွဲလို့  တခြား ဘာမှ မလုပ်ရသေးပါဘူး။
စာအုပ်လုပ် တဲ့အပိုင်းမှာလည်း ပြောချင်တာကတော့ ငွေကြေးပါ။ ငွေကိုချိန်ရတဲ့အတွက်ကြောင့် လုပ်ရ ကိုင်ရတာ အနည်းငယ်တော့ ကသီပါတယ်။ အလှူငွေဆိုတာကလည်း ကျွန်မတို့ လက်ထဲမှာ အဆင်သင့် ကိုင်ထားတာမျိုးမှ မရှိတာဆိုတော့ ပွဲအတွက် လှူပါမယ်ဆိုတဲ့ သတင်းကြားရရင်ကို ၀မ်းသာကျေနပ် ရပါပြီ။ လောလောဆယ်ဆယ် အလှူငွေ မလာသေးလို့  စိုက်ထားရလည်း ပြသနာ မရှိပါဘူး။
စာအုပ်အတွက် တာဝန်ခွဲယူကြမယ်လို့  ပြောပြန်တော့လည်း တာဝန်ခွဲပေးစရာလူက မရှိ၊ ဒီတော့ ၃၉လမ်းက ကိုလင်းအိမ်မှာပဲ နေ့ တိုင်း ကျွန်မ ရုံးဆင်းချိန် လူစု၊ သူလိုတာ ၀ိုင်းကူ၊ ၀ိုင်းလုပ်ပေးကြ မယ်လို့  ဆုံးဖြတ်လိုက်ကြပါတယ်။ အမြဲတမ်း လာနိုင်တာက ကိုသူရိန်နဲ့  ကျွန်မပဲ ရှိတာဆိုတော့လေ။
နောက်ပြီး ကျွန်မက ဒီနေ့  ဂီတပွဲအကြောင်းကို MMG မှာ ပို့ စ်မတင်တော့ပဲ၊ ၂နှစ်ပြည့်စာအုပ်မှာ ထည့်မယ် မှီအောင် ရေးပေးပါလို့  ကျွန်မရဲ့ Admin ကိုကိုများက ကျွန်မကိုပြောပါတယ်။ ထုံးစံအတိုင်း ဟုတ်ကဲ့ ရေးပေးပါ့မယ်ပေါ့။ တကယ်တမ်းမှာတော့ ကျွန်မက ရေးမပေးနိုင်ခဲ့တဲ့အတွက် ၂နှစ်ပြည့် စာအုပ်မှာ အဖွဲ့ ရဲ့ လှုပ်ရှားမှုပါရအောင်ဆိုပြီး ကျွန်မရဲ့ ဟင်္သတ ရေဘေးအလှူနဲ့  ကိုလင်းအောင်ပြည့်ရေး တဲ့နတ်လူသာဓု ခေါ်စေသော်ကိုပဲ ပြန်သုံးလိုက်ရပါတော့တယ်။

0 comments:
Post a Comment