On 0 comments

စာရေးဆရာမ တာတရာဒီလင်စကီးကတော့ ၀တ္ထုကောင်းတစ်ပုဒ် ရေးဖို့ အတွက် ပန္နက်ပုံစံ ရေးဆွဲဖို့  အခြေခံ အချက်(၅)ချက်နဲ့  ရေးဆွဲ ရပါတယ်တဲ့။

ပထမဆုံးအချက်ကတော့ “ ၀တ္ထုရဲ့ အခြေခံ အကြောင်းအရာကို ဆုံးဖြတ်ဖို့ ” လိုအပ်ပါတယ်။ ဥပမာ - သည်းထိတ်ရင်ဖို ဇာတ်လမ်း လား။ ဟာသ ဇာတ်လမ်းလား စသဖြင့်ပေါ့။

ဒုတိယအချက်ကတော့ “ဘယ်ဇာတ်ကောင်က အဓိက ဇာတ်ကောင်တွေ ဖြစ်မယ်” ဆိုတာ ဆုံးဖြတ် ရပါမယ်။ ဒီလို ဆုံးဖြတ်ပြီးမှ သာ ကိုယ့်ဝတ္ထု ပန္နက်ပုံစံကို ချလို့ ရပါမယ်။ ဘယ်ဇာတ်ကောင်ဟာ အဓိက ဖြစ်တယ် ဆိုတာ ဆုံးဖြတ်နိုင်မှသာ ကိုယ့်ဝတ္ထုဟာ ဘယ်ဇာတ်ကောင်ရဲ့ ရှုထောင့်ကနေ တင်ပြနိုင်မယ်ဆိုတာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

တတိယအချက်ကတော့ အဓိကဇာတ်ဆောင်ဟာ ဘယ်သူလဲလို့  ဆုံးဖြတ်ပြီးရင် “သူတို့ ရဲ့ နောက်ကြောင်း ရာဇ၀င်လေးတွေကို မှတ်စု ထုတ်ထားဖို့  လိုပါတယ်” အဲဒီက ဘယ်ကလာတယ်။ သူ့ ဦးတည် လှုပ်ရှားမှုက ဘာာအတွက်လဲ။ သူ့ ပုံစံက ဘယ်လိုလဲ။ သူက ဘယ်လို စကားပြောဆိုတတ်ပြီး ဘယ်လို တွေးခေါ်တတ်တယ်။ ဒီဝတ္ထုဇာတ်ကြောင်းမှာ သူက ဘယ်လို ပါဝင် ပတ်သက်မှာ လဲ။ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အမြင်မှာ စာဖတ်သူကို ပါဝင် ပတ်သက်စေပြီး ဆွဲဆောင် ခေါ်ယူသွားပါတယ်။

စတုတ္ထ အချက်ကတော့ “ဇာတ်ကောင်များရဲ့ ရှုထောင့်အသီးသီးမှ တင်ပြချက်တွေဟာ မျဉ်းပြိုင်သဖွယ် ဇာတ်ကွက်ထဲမှာ အပြိုင် ဖြစ်စေရမယ်။”

ပဉ္စမအချက်ကတော့ “အသေးစား တင်ပြချက်တွေကို စုစည်းလိုက်ရာမှာ ၀တ္ထုရျည် တစ်ပုဒ် ဖြစ်သွားစေပြီး တစ်ခုနဲ့ တစ်ခု ချိတ် ဆက်မှု ရှိစေရမယ်။” ဒီအချက်နဲ့  ညီအောင် ပထမအကြိမ် အကြမ်းရေးတုံးက လွတ်သွားရင် ဒုတိယအကြမ်းမှာ ပြန်ရေးရင်း ဖြည့်၊ တတိယအကြိမ် ပြန်ရေးရင်း ဖြည့်သွားရပါတယ်။ ဒီအချိန်ရောက်လာတော့ ပြင်ရတာ လွယ်သွားပါပြီ။ ပြန်ဖတ်ပြီး မချောတာတွေ ကို ချောသွားအောင် ပြန်ပြင်ရေးတာပါပဲ။ ဒီလို အကြိမ်ကြိမ် ပြန်ရေးသွားရင်းနဲ့  ဖြုတ်တန်ုဖြုတ်၊ ဖြည့်တန် ဖြည့်သွားနိုင်ပါတယ်။

အဲဒီအချက်တွေကို လက်ခံပြီဆိုရင်တော့ နောက်ဆုံး အချက်တစ်ခု ပြောချင်ပါတယ်။ အဲဒါကတော့ “အခန်းစဉ်အလိုက် အကျဉ်း ချုပ် စကားပြေ ရေးထားပါ” ဆိုတဲ့ အချက်ပါပဲ။ ဒီလို ရေးထားတဲ့ စကားပြေ အကျဉ်းချုပ်ကနေ ၀တ္ထုရှည်ကြီး တစ်ပုဒ်ကို အဆင့်ဆင့် ဖန်တီး သွားရပါတယ်တဲ့။

0 comments:

Post a Comment