On 0 comments

4.10.09 သီတင်းကျွတ် လပြည့်ကျော် 1ရက် မနက် 7နာရီ

မြန်မာ မာတီပလိုင်း ရပ်ဝန်းရဲ့ အမှတ်တရ တွေ့ ဆုံကြတဲ့နေ့ လေး တစ်နေ့ ရဲ့ နံနက်ခင်းလေးက စဖွင့်ဖွင့် ချင်းမှာပဲ သာယာလို့  နေပါတယ်။ မနက် အိပ်ရာထထဲက မာတီ တွေ့ ဆုံပွဲသွားဖို့  ကျွန်မ တက်ကြွနေမိတယ်။ တွေ့ ဆုံပွဲ အချိန်က 11 နာရီမှ စမှာ ဖြစ်ပေမဲ့ ကိုဇောင်းနဲ့  ကိုသစ်ကိုက ကျွန်မကို အစောကြီး လာဖို့ ပြော ထားတာလေ။ ဒါကြောင့်ပဲ မနက် ၁၀နာရီ မထိုးခင်ထဲက အိမ်က ထွက်ခဲ့တာပါ။ တွေ့ ဆုံပွဲကို သွားဖို့  ကန်တော်ကြီးကို မသွားခင် ကျွန်မ မြို့ ထဲ ခဏသွားခဲ့တယ်။ နယ်က ရောက်လာပြီး မာတီ တွေ့ ဆုံပွဲ သွားမဲ့ မြန်မာ မာတီပါရ် အဖွဲ့ ဝင် တစ်ယောက်ကို ၀င်ခေါ်ပေးမယ် ပြောထားမိလို့ လေ။

မနက် ၉နာရီခွဲလောက်မှာ ကိုသစ်ကိုက ဖုန်းဆက်တယ်။ “အမ ရောက်နေပြီလား”တဲ့။ “ကိုသစ်ကိုရော” ဆိုတော့ “ကစားပွဲတွေအတွက် လက်ဆောင်တွေ ၀ယ်နေတုံးပဲ”တဲ့။ ကိုဇောင်းကတော့ 3.10.09 ညနေ စာအုပ်တွေ ရထဲက စာအုပ်ဆိုင်မှာ Key Chainတွေ၊ Vinyl တွေ ရင်ထိုးတွေ လာယူသွားရင်း မနက်ပိုင်းမှာ သူ စားစရာတွေ ယူပြီးမှ လာခဲ့မယ်တဲ့။ ကိုသစ်ကိုနဲ့  ကိုအလင်းစေတမန်တော့ စောရောက်မယ် ပြောထား တာ။ သူတို့  အရင် စောရောက်ရင် ပြသနာမရှိဘူးလေ။ နောက်ပြီး တွေ့  ဆုံပွဲအတွက် ဆုံမဲ့နေရာကလည်း ကန်တော်ကြီးထဲမှာ။ တကယ်လို့  သူတို့ သာ မရောက်ကြသေးရင် ကျွန်မ တစ်ယောက်ထဲ ဘယ်ဖြစ်မလဲနော့်။

ဒါနဲ့  10နာရီမှာ သွားမယ်ဆိုပြီး J Donut မှာ ကော်ဖီ ၀င်သောက်နေတုန်းမှာပဲ မနက်စောစောက သဘော ကောင်းပြီး ကြည်လင်နေတဲ့ မိုးကောင်းကင်က မိုးတွေ ၀ုန်းဆို ရွာချပါရော။ ကျွန်မ ကားငှားဖို့  အပြင်တောင် ရောက်နေပြီ။ မိုးက အရမ်းကို ရွာလာတာ မိုးရော၊ လေရောပဲ။ အဲဒီအချိန် သွားရင် ကြွက်စုတ် ဖြစ်မှာ သေချာ တယ်။ ဒါနဲ့  မိုးခိုစရာ နေရာတစ်ခုမှာ မိုးစဲအောင် မိနစ် ၂၀လောက် ရပ်စောင့်ခဲ့တယ်။ နောက်တော့ မထူး တော့ပါဘူး။ မိုးက တိတ်မဲ့ပုံ မရှိတာနဲ့  သွားမယ်ဆိုပြီး ကားထွက်စီးချိန်မှာ ညီမလေး သျှင့်ဆီက ဖုန်းဝင် လာခဲ့တယ်။ သူလည်း မိုးအရမ်းကြီးနေလို့  လာလို့  မရသေးတဲ့ အကြောင်းနဲ့  ကျွန်မကို ရောက်ပြီလား လှမ်း မေးတာလေ။ ကျွန်မ ၏လည်း သွားပြီဆိုတာနဲ့  သျှင်လည်း ထွက်လာတော့မဲ့ အကြောင်း ပြောတယ်။

ကန်တော်ကြီးရဲ့ ပုဂံလုံးကျွန်း ၀င်ပေါက်မှာ ကိုသစ်ကိုနဲ့  ကိုမှိုင်းညှို့ မိုးစက် (Mr. Cappuccino)တို့  ၂ယောက် ထီးလေး တစ်လက်နဲ့  မိုးရေထဲမှာ လာသမျှ လူကို ရင်ထိုး တံဆိပ်လေးတွေ ဝေရင်း ကြိုဆို နေရာချ နေကြ တယ်။ ကျွန်မတို့  တွေ့ ဆုံပွဲ လုပ်ဖို့  ရွေးချယ်ထားတဲ့ အဆောက်အဦးလေးသာ မရှိခဲ့ရင် (ကိုဇောင်းသာ ဒီ နေရာကို ကြို စဉ်းစားထားတာ မဟုတ်ခဲ့ရင်) ဒီလို သည်းကြီး မည်းကြီး ရွာနေတဲ့ မိုးမျိုးနဲ့  အဲဒီနေ့ က မလွယ် လောက်ဘူး။ မိုးကလည်း မုန်တိုင်းရှိတာကြောင့် သီတင်းကျွတ်မှာ ရွာတဲ့ မိုးနဲ့ မတူပဲ ၀ါဆိုမိုးလိုပဲ တအား သည်းတာလေ။ လာသမျှလူတွေ အကုန် မိုးမိကြတာပဲ။

ကျွန်မတို့  တွေ့ ဆုံပွဲ ကျင်းပမဲ့ ဇရပ်ကလေး (ဇရပ်လို့ တော့ ကျွန်မ ထင်တာပဲ)ရဲ့ မြင်ကွင်းက တွေ့ တွေ့ ချင်း မှာ ရင်ခုန် သွားစေတယ်။ အဲဒီ မြင်ကွင်းကို ကျွန်မတို့  တစ်ယောက်မှ မှတ်တမ်း မတင်လိုက်မိဘူး ဖြစ်သွား တယ်။ (ဒါကြောင့် သက်သေပြစရာပုံတော့ မရှိတော့ဘူး)။ မိုးက အရမ်း ရွာနေတာဆိုတော့လေ ဇရပ်ထဲမှာ မိုးလာခိုတဲ့ အတွဲတွေရော၊ ဈေးသည်တွေရော၊ ဆော့နေကြတဲ့ ကလေးတွေရော၊ မူးပြီး အိပ်နေတဲ့ အရက် သမားတစ်ယောက်ရောကို ကျွန်မတို့ ရဲ့ အကိုကြီး ကိုအလင်းစေတမန်ရဲ့ ပတ်ပတ်လည်မှာ စည်စည်ကားကား တွေ့  လိုက်ရတယ်။

တွေ့ ဆုံပွဲတက်မဲ့သူတွေက သိပ် မရောက်ကြသေးဘူး။ ကိုအလင်းစေတမန်က အမှတ်တရ စာအုပ်တွေ၊ Vinyl တွေ၊ Key Chain တွေ ဘေးမှာ ချပြီး ထိုင်နေရာကနေ သူ ခင်းကျင်းတဲ့ မြကတ္တီပါ ကောဇောမှာ အဆင်ပြေတဲ့ နေရာမှာ ၀င်ထိုင်ဖို့  ကျွန်မတို့ ကို ပြောပါတယ်။ (ကိုဇောင်းကတော့ ကော်ဇောငှားခတွေ ကုန်တော့မယ်နော်)

ဒါနဲ့ ပဲ ကျွန်မတို့ တွေ အမှတ်တရ စာအုပ်မှာ ပါတဲ့သူတွေ လက်မှတ်ထိုးကြတယ်။ သျှင်လည်း ရောက်လာ တယ်။ တဖြည်း ဖြည်းနဲ့  မိုးလည်း စဲလာသလို မာတီအဖွဲ့ ဝင်တွေလည်း ရောက်ရောက်လာကြတယ်။ ဒီပွဲတလျှောက်လုံးမှာ ပွဲစဉ်ရဲ့ အစီအစဉ် အသေးစိတ်ကို တချိန်လုံး စိတ်ရှည်လက်ရှည်နဲ့  ဖုန်းဆက်မေးပြီး အွန်လိုင်းမှာ update တင်ပေးဖို့  ကြိုးစားနဲ့  နိုင်ငံခြားရောက် နေတဲ့ ညီမလေး မြတ်မွန်ကိုလည်း ကျေးဇူး တင်ရမှာပါ။ ဒီပွဲအတွက် ဖုန်းကဒ်ဝယ်ပြီး တွေ့ ဆုံပွဲ တက်ရောက်နိုင်ခြင်းမရှိတဲ့ တခြား မာတီသမားတွေ အချိန်နဲ့ အမျှ ဒီမှာ ဘာလုပ်နေလဲသိရအောင် သူ တချိန်လုံး ဖုန်းဆက်မေးရင်း တင်ပေးနေတာပါ။

နေ့ ခင်း 11နာရီ မိနစ် 30 လောက်မှာ လူတွေ အကုန်လုံးနီးပါး ရောက်လာကြပြီ။ ရောက်လာတဲ့ လူတွေက တစ်ယောက်ကို တစ်ယောက် မိတ်ဆက်ကြ စကားပြောကြနဲ့ စာအုပ်ရေးတဲ့ သူပါလာရင် လက်မှတ်ထိုးကြနဲ့  တကယ့်ကို လွတ်လပ် ပေါ့ပါးတဲ့ စတိုင်လေးနဲ့ ပျော်ဖို့  ကောင်းပါတယ်။ ဒီအချိန်မှာ ဒီပွဲကို အဓိက စီစဉ်တဲ့ ကိုဇောင်း တစ်ယောက် ပြန် ရောက်မလာသေးဘူး။ စားစရာတွေ သွားယူဖို့  မနက် ၉နာရီကျော်ထဲက ဒီမှာ နေရာချပြီး ထွက်သွားတာပါ။

အဲဒီနေ့ က ကျွန်မတို့  အချင်းချင်း နောက်နေကြတဲ့ စကားတစ်ခွန်းက “ညနေ 3နာရီကျော် သွားရင် ဟိုတယ် ငှားခ ထပ်တက် မယ်နော်။ မြန်မြန် လုပ်ကြ” လို့ လေ။ စီစဉ်ထားတဲ့ နေရာကို စပြီး ပြောနေကြတာပါ။ ကိုသစ်ကို က ကျွန်မကို ကစားတဲ့ အစီအ စဉ် စာရွက် တစ်ထပ်ကြီး လာပေးတယ်။ “အမ ဖတ်ကြည့် သဘောပေါက်လား” တဲ့။ သူ့ ရဲ့ ကစားနည်း စာရွက်ကို ၃ခေါက် လောက် ဖတ်ကြည့်တယ်။ သဘောပေါက်သလို မပေါက်သလို ဖြစ် နေတာလေ။ သူ့ အစီအစဉ်က လာတဲ့ သူတွေ အားလုံးကို ကစားတဲ့ အစီအစဉ်ထဲမှာ ပါအောင် ထည့်ဆွဲထား တာ ကောင်းပါတယ်။ ဒီပွဲမှာ ရောက်လာတဲ့ လူစာရင်းကို စာရွက်မှာရေးပြီး ဧည့်သည်တော် မှတ်တမ်းထဲ ထည့် တဲ့ စာရင်းကို လက်ရေးလှတဲ့ မဉ္ဇူက တာဝန်ယူပါတယ်။

ထမင်းထုတ်တွေ၊ ရေဘူးတွေ၊ အချိုရည်တွေ တပွေ့ တပိုက်နဲ့  ကိုဇောင်း ရောက်လာချိန်မှာတော့ နေ့ လယ်12 နာရီထိုးနေပြီ။ ဒါကြောင့်ပဲ ဦးဇင်း (အရှင် ၀ရသာမိ) ကို ဆွမ်းစား နောက်ကျမှာ စိုးလို့  ကမန်းကတန်း ဆွမ်းကပ် လိုက်ကြတယ်။ ဦးဇင်းလေး ဆွမ်းစားပြီး ချိန်မှာတော့ ရောက်လာတဲ့သူတွေ အကုန်လုံး ထပြီး မိတ်ဆက်ကြတယ်။

ပထမဦးဆုံး ကိုနဂါးကနေ စပြီး မိတ်ဆက် သွား တယ်။ ကိုယ့်နာမည်ရယ်၊ မာတီပလိုင်းနာမည်ရယ်၊ ဂျီမေးလ် လိပ်စာရယ်ပေါ့။ အဲဒီမှာ တစ်ခုပြောချင်တာကလေ အားလုံးက မိတ်တော့ ဆက်ကြတယ်။ ဒါပေမဲ့ မြန်မြန်နဲ့  တချို့ ကျတော့လည်း ရှက်တော့ တိုးတိုးလေး ပြောသွားတာ ဆိုတော့ တစ်ယောက်နဲ့  တစ်ယောက် သိပ် မမှတ်မိလိုက်ဘူး။ တကယ်ဆို ဒါထက် ရင်းနှီးတဲ့ ပုံစံနဲ့  တစ်ယောက်ချင်း အေးအေး ဆေးဆေး ပြောကြရင် ပိုများမှတ်မိကြမလားလို့ လေ။ နာမည်နဲ့  လူ တွဲရက်ပေါ့။ အခုတော့ တချို့  တွေဆို တွေ့ ခဲ့ပေမဲ့ နာမည် မသိခဲ့ဘူး။ နာမည်ကြီးတွေ ဖြစ်တဲ့ ကိုဇောင်း၊ ကိုသစ်ကို၊ ကိုနဂါး၊ ကိုဦး၊ ဦးဇင်း၊၊ ကိုအလင်း စေတမန်တို့  လောက်ကိုပဲ တော်တော်များများက မှတ်မိသွားကြတာလေ။

တစ်ယောက်ကို တစ်ယောက် မိတ်ဆက်တဲ့ အစီအစဉ်အပြီးမှာတော့ နောက်လည်း ကျနေပြီဆိုတော့ ထမင်း စားကြတယ်။ တွေ့ ဆုံပွဲ လာတဲ့သူတွေကို ကြက်ဆီထမင်းရယ်၊ အအေးဘူးရယ်၊ ရေသန့် ရယ်၊ တစ်ရှုးရယ် လိုက်ဝေပေးရင်း စားသောက် ကြတယ်လေ။ စားရင်းနဲ့  နီးစပ်ရာတွေ စကားပြောနေကြတာလေ။ တချို့ ကတော့ ကိုယ့်ထမင်းထုတ် ကိုယ်မစားပဲနဲ့ လေ သိလား - သူများတွေ ထမင်းစားတာ ဓာတ်ပုံတွေ ခိုးရိုက်ကြတယ်။ ဥပမာ ကိုလင်းအောင်ပြည့်ပေါ့။

နေ့ လည်စာ စားပြီးချိန်မှာ အစီအစဉ် ပြန်စ ဖြစ်ပါတယ်။ ပထမဆုံး ကိုဇောင်းက MMG နဲ့  ပတ်သက်တာ၊ ဒီ တွေ့ ဆုံပွဲနဲ့  ပတ်သက်တာတွေကို ပြောပါတယ်။ နောက်တော့ ကိုအလင်းစေတမန်က ရခိုင်ပြည်နယ်ဘက်က ကျောင်းလေး တစ်ကျောင်း မှာ ပရဟိတ လုပ်ငန်းအတွက် အလှူခံဖို့  ကိစ္စ ပြောပါတယ်။ (အခုမှ သတိရတာက ကိုအလင်းစေတမန် အဲဒီနေ့ က ပြောပဲ ပြောတယ်။ အလှူလည်း မခံဘူး။ ကျွန်မတို့ ကလည်း သတိတရ အလှူမထည့်ခဲ့မိဘူး။)

နောက်တော့ ဦးဇင်းက အဓမ္မ၀ါဒီဂိုဏ်းနဲ့  ပတ်သက်ပြီး ပြောပါတယ်။ ဒီဂိုဏ်းက အယူဝါဒတွေ ကွဲပြားနေတဲ့ အကြောင်းနဲ့  မရှိတာတွေ အရှိဖြစ်အောင် မဟုတ်တာတွေ အဟုတ်ဖြစ်အောင်၊ ဘုရားဟောတဲ့ လမ်းစဉ်တွေ ကို ဆန့်ကျင်ဘက်တွေ ပြောဆို ပြုမူနေတဲ့အကြောင်း ဦးဇင်းက ပြောပြပါတယ်။ ဒီနေ့ လည်း မာတီတွေ့ ဆုံပွဲ ပြီးချိန်မှာ ဦးဇင်းက ဒီကိစ္စနဲ့  ပတ်သက်ပြီး ရွှေတိဂုံဘုရား အရှေ့ ဘက်မုဒ်မှာ အစည်းအဝေးသွား တက်မဲ့  အကြောင်း၊ လေ့လာချင်ရင် လိုက်ပြီး လေ့လာလို့ ရကြောင်း ပြောပါတယ်။ ဦးဇင်း ပြောပြီိးချိန်မှာ mistake51 အဖွဲ့ က ကိုမူကြိုက သူ မရှင်းလင်းတာတွေ၊ သိချင်တာတွေကို မေးပြီး ဦးဇင်းက ဖြေကြားပေးခဲ့ပါတယ်။

နောက်တစ်ယောက်က ကိုနဂါးပါ။ ကိုနဂါးက သူ တင်ပြထားတဲ့ Photoshop ပညာရပ်ဆိုင်ရာ အကြောင်း အရာများကို လူတိုင်း အလွယ်တကူ လေ့လာနိုင်အောင် တင်ပြထားကြောင်း၊ တခြားသူတွေကလည်း ၀င်ရောက်ဆွေးနွေးနိုင်ကြောင်း ပြောပါတယ်။ နောက်ပြီး ကိုနေစေးကလည်း သူတို့ ရေးတဲ့ IT ဆိုဒ်အကြောင်းနဲ့  IT မှာလည်း မာတီက လူတွေကို ၀င်ရေးစေချင်ကြောင်း ပြောပါတယ်။ ကိုသစ်ကိုကလည်း သွေးလှူချင်သူများ မမဉ္ဇူနဲ့  ဆက်သွယ်နိုင်ကြောင်း၊ မဉ္ဇူက သူ ဒီတလ ဒီမှာ ရှိနေတုံး သွေးလှူချင်ပါက တစ်ဦးချင်းဖြစ်ဖြစ်၊ အုပ်စုလိုက် ဖြစ်ဖြစ် ဆက်သွယ်နိုင်ကြောင်း ကိုသစ်ကိုက ကိုယ်စား ပြောပေးသွားပါတယ်။ (မမဉ္ဇူက ကျန်တဲ့ အချိန် ဘယ်မှာရှိတာလည်း မမေးလိုက်မိဘူး) မာတီတွေ့ ဆုံပွဲ အပြီးမှာ မာတီကို လာတဲ့သူ မဟုတ်တဲ့ သူ တစ်ယောက်က သွေးလှူချင်ကြောင်း လာပြောတာ တွေ့ ခဲ့ရပါတယ်။

နောက်ဆုံးမှာ ကိုဇောင်းက MMG ဖွဲ့ စည်းဖြစ်တဲ့ အကြောင်းပြောပါတယ်။ အဓိကက မာတီကို မြန်မာတွေ ဘယ်လောက် သုံးစွဲနေကြကြောင်း သိနိုင်အောင်ရယ် မြန်မာတွေချည်းပဲ သီးသန့် ဖွဲ့ စည်းထားတဲ့ အဖွဲ့ လေး ဖြစ်ကြောင်းနဲ့  မာတီကို သုံးပြီး ဘာတွေ ဘယ်လို ကျယ်ကျယ်ပြန်ပြန့် လုပ်နိုင်တယ်ဆိုတဲ့  အကြောင်းတွေ ပြောပြပါတယ်။ အဲဒီမှာ သိချင်တာလေးတွေ ၀ိုင်းမေးကြတာကို ကိုဇောင်းကလည်း ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ကိုသစ်ကို စီစဥိထားတဲ့ ဂိမ်းကစားခြင်း အစီအစဉ်ပါ။ ဒီအစီအစဉ်ကို ဂိမ်းရေးဆွဲသူ ကိုသစ်ကိုနဲ့  အာဝဇွန်း ရွှင်စွာနဲ့  လူစိတ်ဝင်စားအောင် ပြောတတ်တဲ့ ကိုနဂါးတို့ က ဦးဆောင် စီစဉ် တင်ဆက်ပါတယ်။ ကိုသစ်ကို ရေးဆွဲထားတဲ့ ကစားနည်းက ဒီလိုပါ။ တွေ့ ဆုံပွဲ တက်လာတဲ့ လူတွေရဲ့ နာမည်ကို မဲလိပ် လိပ်ထားပါတယ်။ ပွဲစဉ်တစ်ခုကို လူ 3ယောက် ပါဝင်မှာပါ။ ဒီဂိမ်းရဲ့ အစကို တစ်ဦးတည်း သော ဦးဇင်းကို ပထမဆုံးသော မဲလိပ် စနှိုက်ချုင်းဖြင့် ဖွင့်လှစ်လိုက်ပါတယ်။

ကစားပွဲ ပထမပိုင်း ပွဲစဉ်မှာ မေးခွန်း 7ခု ပါဝင်ပါတယ်။ ပထမဆုံး မဲလိပ် နာမည်ကျသူက ထလာပြီး နောက်ထပ် နာမည် မဲလိပ်တစ်လိပ် ထပ်နှိုက်ပေးပါတယ်။ ဒုတိယလူက မေးခွန်း ဖြေရမဲ့သူပါ။ ဒုတိယလူက တတိယလူရဲ့ နာမည်ကို မဲနှိုက်ပြီး ရွေးချယ်ပေးပါတယ်။ တတိယလူက ဒုတိယလူ ဖြေမဲ့မေးခွန်းကို မဲနှိုက်ပေးရတာပါ။ (မောလိုက်တာ ကိုသစ်ကိုရယ်- ကိုသစ်ကိုရဲ့ ကစားနည်းကို ကျွန်မရေးရတာ မမှားအောင်ရယ် မမေ့အောင်ရယ် မနဲ အသက်အောင့်ပြီး ရေးရတယ်)

တတိယလူ ရွေးပေးတဲ့ မေးခွန်းကို ကိုသစ်ကိုက ကြောငြာပေးပါတယ်။ ဒုတိယလူက ဖြေရတာပါ။ ပထမလူနဲ့  တတိယလူက မဲလိပ်နှိုက်ပြီးရင် တာဝန်ကျေပါပြီ။ မေးခွန်းအားလုံးကို မမှတ်မိတော့ပေမဲ့ မှတ်မိသလောက် ပြောရရင် ပထမဆုံးဖြေရတဲ့သူက ဖြိုးကိုကို။ သူ့ ရဲ့ မေးခွန်းက သင်ငယ်ငယ်က ဖြစ်ပျက်ခဲ့ဘူးတဲ့ အဖြစ်အပျက် တစ်ခုဆိုလား အမှတ်တရ တစ်ခုဆိုလားရယ်။ ဘာကြောင့် ဒါကို မှတ်မိနေတာလဲ ဆိုတာရယ်ပေါ့။

သူ့ အဖြေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူ ငယ်ငယ်က သူများတွေက ခွေးလေးတွေကို ကြိုးနဲ့  ချည်ပြီး လှမ်းလျှောက် ထွက်ရင် အရမ်းသဘောကျတာတဲ့။ ဒါပေမဲ့ သူက ခွေးကိုတော့ ကြိုးဆွဲပြီး လမ်းမလျှောက်ချင် ဘူး။ သူများနဲ့ မတူအောင် သူ့  အိမ်က ကြောင်လေးကို ဇာကြိုးလေးတွေနဲ့  လည်ပင်းမှာ ပတ်ချည်ပြီး လမ်း လျှောက်ထွက်တယ်တဲ့။ လမ်းမှာ ကြောင်က ငြိမ်ငြိမ် မနေပဲ ရုန်းပြီး ထွက်ပြေးသွားတယ်တဲ့။ ဒါနဲ့  သူလည်း အိမ်ပြန်လာပြီး သူ့ ဘာသာသူ အိပ်နေတယ်တဲ့။ သူ အိပ်ပျော် နေတုံးမှာ သူ့ ညီက အော်ပြီး လာနှိုးလို့  ထွက် ကြည့်လိုက်ချိန်မှာ သူကြိုးချည်ပြီး လမ်းလျှောက်ထွက်ခဲ့တဲ့ ကြောင်လေးဟာ လည်ပင်းအစ်ပြီး သေနေပြီတဲ့။ သူ့ ကိုလည်း ကြောင်သတ်သမားလို့  ၀ိုင်းစွပ်စွဲတာ အမှတ်တရပါတဲ့။ ပုံပြောကောင်းတဲ့ ကိုဖြိုးကိုကိုကို ကိုသစ်ကို က သူ့ ရဲ့ အမှတ်တရ ပစ္စည်း လက်ဆောင်ပေးပါတယ်။

ဒီလိုနဲ့  နောက်ထပ် 3ယောက် ထပ်ရွေး မေးခွန်းတွေ မေးပြီးရင်း လက်ဆောင်တွေပေးနဲ့  7ခါ ကျင်းပခဲ့ပါတယ်။ ကျွန်မ မှတ်မိသလောက် ကိုကိုညီညီက ပထမဆုံး ခရီးသွားတဲ့ အတွေ့ အကြုံအကြောင်း ပြောရပါတယ်။နောက် မမဉ္ဇူက တကယ် ကြိုးစားရင် တကယ် ဖြစ်နိုင်တယ်ဆိုတဲ့ စကားတစ်ခွန်းကို သူ 10တန်းတုံးက အတွေ့ အကြုံနဲ့  ပြောသွားပါတယ်။ နောက် lucobest က အကြိုက်ဆုံး စာအုပ် တစ်အုပ်အကြောင်းရယ်၊ မ…..က အသွားချင်ဆုံး နိုင်ငံတစ်ခု အကြောင်းရယ်။ အဲဒီကို ဘာကြောင့်သွားချင်လဲ ဆိုတာရယ် ပြောသွားတယ်။

တချို့ မေးခွန်းတွေကိုတော့ မမှတ်မိတော့ဘူး။ ညီမလေး မြတ်မွန်ကတော့ ကျွန်မရယ်၊ သျှင်ရယ် ဆီကို တချိန် လုံး နာရီဝက် တစ်ခါလောက် ဖုန်းဆက်မေးနေပါတယ်။ ကျွန်မတို့ ကလည်း ဒီက အပျော်လေးတွေ ပြန်မျှဝေ ရင်းနဲ့ ပေါ့။

ကစားပွဲ ဒုတိယပိုင်း မစခင်မှာ MMG စတင်တည်ထောင်တဲ့ ရက်စွဲ၊ MMG အရေအတွက်၊ စတည်ထောင်တဲ့ နေ့ က ဘာနေ့ လဲ ဆိုတာတွေကို မေးပြီး လက်ဆောင်ပေးပါသေးတယ်။ ဒီမေးခွန်းကိုတော့ ကိုဦးက ဖြေသွား တာပါ။ ဒုတိယပိုင်းစစချင်းမှာ မဲပေါက်တာက ကျွန်မ၊ ကျွန်မနဲ့  တွဲပြီး ဖြေရမှာက ကိုဇောင်း၊ ကစားနည်းက ပုံစံပြောင်းသွားပါတယ်။ အဓိပ္ပါယ်တူရာ စကားပုံတစ်ခုကို ကိုယ်က မေးရမှာ ဖြစ်ပြီး နောက်တစ်ယောက်က ဖြေရမှာပါ။ ကိုယ့်မေးခွန်းအတွက် အဖြေက ကိုယ့်မှာ ရှိနေရမှာပါ။ တကယ်လို့  သူဖြေနိုင်ရင် သူ လက်ဆောင် ရပြီး သူမဖြေနိုင်လို့  ကိုယ်ဖြေနိုင်ရင် ကိုယ် လက်ဆောင် ရမှာပါ။ ဒါပေမဲ့ ကျွန်မရော၊ ကိုဇောင်းပါ ခေါင်းထဲမှာ စကားပုံ အဆင်သင့် မရှိတဲ့ အတွက် နှစ်ယောက်လုံး ဆုမရတာလည်း အမှတ် တရပါပဲ။

ဒီကစားပွဲ ကစားချိန်မှာ ၃နာရီထိုးလုပြီမို့  အတော်များများက ပြန်ချင်နေကြပါပြီ။ ဒါကြောင့် နောက်ထပ် ကျန်သေးတဲ့ ဆန့်  ကျင်ဘက် အဓိပ္ပါယ်တွဲရမဲ့ ကစားနည်းကို ကျော်လိုက်ပြီး Group လိုက် ဓာတ်ပုံ ရိုက်ကြပါတယ်။ Vinyl ကို ကိုင်ပြီးတော့လေ။ ပျော်စရာ ကြည်နူးစရာ ခံစားမှုလေးကို ခံစားရပါတယ်။

နောင်ကိုလည်း ဒါထက်မက များပြားလှတဲ့ မာတီ သူငယ်ချင်းများနဲ့  ဒီလိုနေ့ ရက်မျိုး ဖြတ်ကျော်ချင်ပါသေး တယ်လို့  ဓာတ်ပုံရိုက်ရင်း ဆန္ဒ ဖြစ်မိပါတယ်။ ဓာတ်ပုံရိုက်ရင်း အော်ကြ နောက်ပြောင် ကြနဲ့  တကယ့်ကို ကြည်နူးရပါတယ်။ ဒီလို အောင်အောင် မြင်မြင်လေး ဖြစ်သွားတာကိုလည်း ပီတိ ဖြစ်မိပါတယ်။ ပြီးတော့ Vinyl ပေါ်မှာ အမှတ်တရ လက်မှတ်ထိုးကြပါတယ်။ တွေ့ ဆုံပွဲ လာတဲ့ လူတိုင်းကို အမှတ်တရစာအုပ်၊ ရင်ထိုးနဲ့  Key Chain တွေ ဝေငှပေးပါတယ်။

သွားစရာရှိတဲ့ သူတစ်ချို့ ပြန်သွားကြပြီး နောက်ဆုံးအစီအစဉ်လေးကို ကျန်နေတဲ့သူတွေက ကျင်းပပါတယ်။ ဒါကတော့ လက်ဆောင်လဲဖို့  ပါလာတဲ့သူတွေရဲ့ ပစ္စည်းတွေကို အလယ်မှာပုံရင်း နာမည်လေးတွေ မဲနှိုက်ပြီး လဲကြပါတယ်။ ကျွန်မ မှတ်မိသလောက် ကျွန်မက အိန္ဒြာရဲ့ လက်ဆောင်၊ သျှင်က ကိုအောင်မိုးရဲ့ လက်ဆောင်၊ ကိုကိုညီညီက ကိုမှော်ဆရာရဲ့ လက်ဆောင်၊ ကိုမှော်ဆရာက သျှင်ရဲ့ လက်ဆောင်၊ မဉ္ဇူက မ…….လက်ဆောင်၊ virgorain က ကျွန်မရဲ့ လက်ဆောင်၊ ကိုအောင်မိုးကမဉ္ဇူရဲ့ လက်ဆောင်တွေ အပြန်အလှန် မဲကျတယ်။

လက်ဆောင်တွေ လဲပြီးချိန်မှာတော့ ကျွန်မတို့ တွေ တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ကြရင်း ကိုယ့်ရဲ့ နေရာအသီးသီး ကို ပြန်ခဲ့ကြတယ်လေ။ ဖြစ်နိုင်မယ်ဆိုရင် ဒီလိုပွဲမျိုးကို ဒါထက် လူများများနဲ့  ဆင်နွှဲချင် ပါသေးတယ်။ အမှတ်တရ စာအုပ်ကို လည်း ဒါထက် ပိုမိုထူထဲပြီး ဒါထက် ပိုမို သပ်ရပ်ချင်ပါသေးတယ်။ ဒါကြောင့် ဒီတခါ စာမူ ပိတ်ရက်ကိုတော့ စောစော သတ်မှတ်နော်လို့  ကိုဇောင်းတို့ ၊ ကိုအလင်းစေတမန်တို့ ကို ပြောဖြစ်ပါသေးတယ်။ ခုစာအုပ်ကို 3 ရက်ထဲအချိန်ပေးပြီး ကျွန်မကို နှိပ်စက်ထားကြလို့ လေ။ (အလကား နောက်တာပါနော်)

ဘာပဲဖြစ်ဖြစ် သပ်သပ်ရပ်ရပ်လေးနဲ့  စည်စည်ကားကားလေး ဖြစ်သွားတဲ့ မာတီ တွေ့ ဆုံပွဲလေးကို မာတီအဖွဲ့ ဝင်တွေ ကိုယ်စား ကျွန်မကပဲ ဒီပွဲကို စီစဉ်ကြတဲ့ ကိုဇောင်း၊ကိုသစ်ကို၊ ကိုအလင်းစေတမန်တို့ ကို ကျေးဇူး တင် ကြောင်း ဒီစာမျက်နှာကပဲ ပြောလိုက်ပါတယ်နော်။

ကျွန်မရေးတဲ့ အစီအစဉ်တွေထဲမှာ တစ်စုံတစ်ရာများ လွဲချော်မှားယွင်းခဲ့ပါလျှင် ကျွန်မ၏ ညံ့ဖျင်းသော အမှတ် မှားမှုသာ ဖြစ်ပါကြောင်း ကြိုတင် တောင်းပန်လိုက်ပါတယ်နော်။

တွေ့ ဆုံပွဲကို အကြောင်းကြောင်းကြောင့် မတက်ရောက်ဖြစ်သူတွေ အတွက် ရည်ရွယ်ပြီး ဒီစာမူလေးကို ရေးဖြစ် ရုံမှ လွဲ၍ အခြား ရည်ရွယ်ချက် မရှိပါကြောင်း

0 comments:

Post a Comment