On 0 comments

အဲဒီနေ့ က မိုးတွေ လေတွေ တိုက်တော့ ကျွန်မတို့  အဆောင် အနောက်က သဘောင်္ပင်ကြီး ကျိုးသွားတယ်။ ဒီဝင်းထဲက လူတွေ အားလုံးရဲ့ အားထားရာ သဘောင်္ာပင်ကြီးလေ။ (ယိုးဒယားတွေက သဘောင်္သီးထောင်း အရမ်းကြိုက်တယ်လေ) ဒီတော့ သဘောင်္ပင်ကြီး ကျိုးတာကို လာကြည့်ရင်း သဘောင်္သီး လာခူးကြတဲ့သူတွေ ကလေ လဲကျနေတဲ့ သဘောင်္ပင်ရယ်၊ အဲဒီ သဘောင်္ ပင်ရှေ့ က အခန်းမှာ တရှုံ့ ရှုံ့  ငိုနေတဲ့ ကျွန်မရယ်ကို တွေ့ ပြီး ဘာဖြစ်တာလဲဆိုပြီး ၀ိုင်းလာမေးကြတယ်လေ။ သူတို့ က မေးလေ ကိုယ်က ငိုလို့  ကောင်းလေပေါ့။

တချို့ က ဆေးခန်းသွားပြဖို့  ပြောပြီး တချို့ ကတော့ သူတို့ ဆီမှာ မန်းတဲ့ ဆရာတွေ ရှိတယ်။ သွားမန်းကြည့် ပါလားလို့  ပြောတယ်။ ကျွန်မကတော့ စိတ်ညစ်ညစ်နဲ့  ငိုနေတော့တာပါပဲ။ ခြေထောက်ကို ဓာတ်မှန်ရိုက်ကြည့် တော့ ခြေကျင်းဝတ်နေရာ ဒဏ်ရာဟောင်းက ပြန်ကျိုးသွားတာမို့  ကျောက်ပတ်တီး ပြန်စီးရမယ်တဲ့။ သူများ နေရာဒေသမှာ ခြေထောက် ကောင်းနေတာတောင် မနည်း လှုပ်ရှား နေရတာ ဒီကျောက်ပတ်တီးနဲ့  သွားလာ လှုပ်ရှားဖို့ ဆိုတာ မတွေးဝံ့စရာပါ။

ကျွန်မကို ဆေးခန်း လိုက်ပို့ တဲ့ မန်နေဂျာက ပြောတယ်။ သူ့ လက်ကျိုးတုံးက မန်းပေးတဲ့ ဆရာမတော့ ရှိတယ်။ သူတို့ က ထိုင်းလို မော်ဖီ (သရဲဆရာ)လို့  ခေါ်ကြတာ။ မင်း သွားချင်လားတဲ့။ ဘောလုံးကန်ရင်း သူ့  လက်ထက်ပိုင်း ကျိုးသွားတာတောင် သူ မန်းပေးတာ ကောင်းသွားတယ်တဲ့။ မင်း ဘာလုပ်ချင်သလဲ ရွေးပါ။ ကျောက်ပတ်တီး စီးချင်ရင်လည်း ရတယ်ပေါ့။ စိတ်ကြိုက် လုပ်ပါတဲ့လေ။

ကျွန်မလည်း ကျောက်ပတ်တီး စည်းရတာထက်စာရင် အရင် မန်းကြည့်ရင် ကောင်းမယ်လို့  တွေးမိတယ်။ မန်းလို့  အဆင်မပြေမှပဲ ကျောက်ပတ်တီး စီးလည်း ရတာပဲလို့  ဆိုပြီးပဲ ဆုံးဖြတ်လိုက်တော့တယ်။ သိပ်တော့ ယုံကြည်တယ်ရယ်တော့ မဟုတ်ခဲ့ဘူး။ ကျွန်မတို့  ရောက်သွားချိန်မှာ မြင်ရတာက အသက် ၈၀ကျော် ဆံပင် တွေ ဖြူဖွေးနေတဲ့ အမေအိုကြီး တစ်ယောက်။ ကျွန်မကို ချော်လဲ လာတာ လမ်းမလျှောက်နိုင်ဘူးလို့  မန်နေဂျာ က ပြောပြတော့ ဘာမှ ထပ်မမေးပဲ ခြေထောက် ဆင်းပြီး ထိုင်ခိုင်း တယ်။ ပြီးတော့ ရောင်နေတဲ့ ခြေထောက်ကို ဆီပုလင်းထဲက ဆီနဲနဲ ယူပြီး သပ်ချရင်း တတွတ်တွတ်နဲ့  ယိုးဒယားလိုတွေ ရွတ်ပြီး မန်းနေတော့တာပဲ။

ခြေထောက်ကို ထိရုံလေး ဆီနဲ့  ၃ခါ သပ်ချပြီး ၅မိနစ်လောက် မန်းပြီးချိန်မှာတော့ ပြန်လို့ ရပြီတဲ့။ ကျွန်မရော သူငယ်ချင်းတွေရောက တစ်ယောက်ကို တစ်ယောက် ဘယ်လို လုပ်မလဲဆိုပြီး လှမ်းကြည့်ကြတယ်။ ဒီလောက် ထောက်မနိုင်အောင် နာနေတဲ့ ခြေထောက်က ဒီလောက်လေးနဲ့  ဘယ်ပျောက်ပါ့မလဲနော် ဆိုတဲ့ သဘော။ ကျွန်မတို့ ရဲ့ မန်နေဂျာက သဘောပေါက်တယ်။ အသာနေအုံးဆိုတဲ့ ပုံစံ လုပ်ပြတယ်။ မန်းပေးတဲ့ အမေကြီးက ကျွန်မကို ၅ ရက် ဆက်တိုက် လာခဲ့တဲ့။ သူများဆို ၃ ရက်ပဲ နင့်အနာက များလို့  ၅ ရက်လာခိုင်းတာတဲ့။ ပြန်တော့တဲ့လေ။

ပိုက်ဆံ ဘယ်လောက် ပေးရမလဲဆိုတော့ အခု ပေးစရာ မလိုဘူး။ ပျောက်မှ ဘတ် ၂၀၀ ပေးရမယ်တဲ့။ မပျောက်ရင် ပေးစရာ မလိုဘူးတဲ့လေ။ ဘတ် ၁၀၀ က အလှူလုပ်ဖို့ ၊ ဘတ် ၁၀၀ က သူ သုံးဖို့ တဲ့။ နောက်မှ သိရတာ အဲဒီ အမေကြီးဟာ ကျွန်မတို့  ပုဇွန်ကန်က သန့် ရှင်းရေး ၀န်ထမ်း အမကြီးရဲ့ အမေ ဖြစ်နေတာလေ။ သန့် ရှင်းရေး ၀န်ထမ်းဖို့  အထင်မသေးနဲ့ နော်။ သူ့ အိမ် တထပ်တိုက်ပုလေး။ ကားလည်း ရှိတယ်နော်။ မိုက်တယ်။

လမ်းမှာ မန်နေဂျာက နင်တို့  သူ့ အကြောင်း မသိသေးလို့ ပါ။ ခဏစောင့်ကြည့် မနက်ဖြန်မှ မသက်သာရင် ဆေးရုံ လိုက်ပို့  ပေးမယ်တဲ့။ အဲဒီနေ့ က ကျွန်မတို့  အခန်းမှာ လူနာ လာမေးတဲ့သူတွေနဲ့  စည်ကားလို့ ပေါ့။ သူတို့ တွေနဲ့  စကားပြောလို့  မေ့မေ့ ပျောက်ပျောက်နဲ့  ခြေထောက်က သိပ်မနာသလိုပဲ။ ဒါပေမဲ့ ညဆို အရမ်း ကိုက်မှာလို့  တွေးကြောက်ခဲ့တယ်။ ပထမအကြိမ် ကားအက်စီးဒင့် ဖြစ်ချိန်ကလည်း ကျောက်ပတ်တီး ချက်ချင်း မစီးဖြစ်ခဲ့တော့ မအိပ်နိုင်လောက်အောင် ပြင်းပြင်းထန်ထန် နာကျင်ခဲ့ ဘူးတယ်လေ။

အကိုက်အခဲပျောက်ဆေးတွေ ကြိုသောက်ထားခဲ့တယ်။ မန်းလာခဲ့ပေမဲ့ သူက ပတ်တီးတောင် စီးစရာ မလိုဘူး ဆိုတာ ကြောင့် ဘာမှ လုပ်မထားရတာ ဆိုတော့ စိတ်ကလည်း နာမှာပဲလို့  တွက်နေခဲ့တာလေ။ ဒီလိုနဲ့  ည အိပ်ချိန် ရောက်လာခဲ့တယ်။ လူရှင်းချိန်မှာ အရမ်းနာမှာပဲ ထင်ထားတဲ့ ခြေထောက်က ထင်သလောက် မနာကျင်ခဲ့ဘူး။ မအိပ်နိုင် လောက်အောင်လည်း ကိုက် မနေခဲ့ဘူး။ ကျွန်မ မျှော်လင့်ထားသလို မဟုတ်ပဲ အနာ ရှိလို့  နာတာကလွဲလို့  ထူးထူးခြားခြား ပြင်းပြင်းထန်ထန် မနာခဲ့ဘူး။

နောက်တစ်နေ့  မနက်မှာ ကျွန်မရဲ့ ခြေထောက်ဟာ လမ်းမလျှောက်နိုင်သေးတာကလွဲလို့  သက်သာစ ပြုလာ တယ်။ ဒီတော့မှ ကျွန်မတို့  အားလုံး ဟင်းချနိုင်တော့တာ။ မန်နေဂျာကတော့ ငါ ပြောတယ် မဟုတ်လားဆိုတဲ့ ပုံစံနဲ့ လေ။ ကျွန်မ လမ်းမလျှောက်နိုင်တော့ ကျွန်မ သူငယ်ချင်း နီလာပါ ကန်ထဲ မဆင်းစေပဲ ခွင့်ပေးခဲ့တယ်။ ထမင်းတွေ ဟင်းတွေကို အဆောင် အထိ ယူကျွေးကြတယ်။ ၂ရက်မြောက် မန်းဖို့  သွားချိန်မှာ နီလာ့ကို မှေး ပြီး ကျွန်မ တွဲလျှောက်နိုင်ပြီ။ ၃ရက်မြောက်မှာ ကိုယ့် ဘာသာကိုယ် ရေချိုးခန်း အိမ်သာ သွားနိုင်ပြီ။ ၅ရက် မြောက်မှာ လူတွဲ မလိုပဲ လမ်းလျှောက်နိုင်ပြီ။ ၇ရက်မြောက်မှာ ကန်ထဲကို ကျွန်မ ပြန်ဆင်းနိုင်ပြီ။ တကယ့်ကို ကျေးဇူးတင်စရာကောင်းတဲ့ အဖွားအိုပါပဲ။ သူ့ ကျေးဇူးကို ခုချိန်ထိ ကျွန်မ မမေ့သေးပါဘူး။

လမ်းလျှောက်နိုင်တော့ ကျေးဇူးတင်လွန်းလို့  ပိုက်ဆံ ပိုကန်တော့ပေမဲ့ ဘတ် ၂၀၀ အပြင် ပိုပေးလို့  မရခဲ့ဘူး။ အဲဒီ အချိန်က ၁ ဘတ်မှ ၁၀ကျပ်ပဲ ရှိသေးတာလေ။ သူ့ ကျေးဇူးနဲ့  ကျွန်မ သင်ချင်တဲ့ ပညာရပ်တွေကို အေး ချမ်းစွာ ဆက်လက် သင်ယူခွင့်ရခဲ့တယ်။ အဲဒီ အဖြစ်အပျက်ကိုလည်း အမြဲ သတိရနေခဲ့တယ်။ ကျွန်မရဲ့ မိဘ တွေနဲ့  ချစ်သူ ကတော့ ရောက်လေရာမှာ အမြဲတမ်း တစ်ခုခု ဖြစ်တတ်တဲ့ ကျွန်မကို စိတ်မချစွာ မှာရင်း၊ ကျွန်မကလည်း သူတို့  စိတ်ပူတဲ့ အတိုင်း တစ်ခုမဟုတ် တစ်ခု ဖြစ်ရင်း ပညာတော်သင် ၃လကို ရှည်လျား တယ်လို့  ခံယူရင်း ကျော်ဖြတ်ခဲ့ပါတယ်။

0 comments:

Post a Comment