On 0 comments

ဂီရိမုန်တိုင်း ဖြစ်ပွားခဲ့ရာ ကျော်ဖြူမြို့ နှင့် အနီးတ၀ိုက်ကို မုန်တိုင်းဖြစ်ပွားပြီး ၂ရက်အကြာမှာ MMG အဖွဲ့ မှ ကိုလင်းအောင်ပြည့်က မုန်တိုင်းခံစားရပုံ အသေးစိတ်ကို ပြန်လည် တင်ပြပြီး ဒုက္ခသည်များကို ကူညီနိုင်ရန် အတွက် ၄င်းဒေသအထိ သွားရောက်ကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ ထို့ နောက် လှူဒါန်းပေးပို့ ကျသော အလှူငွေများကို စု၍ ကျောက်ဖြူမြို့ တွင် ရောက်ရှိ နေသော ကိုလင်းအောင်ပြည့်ထံ ပေးပို့ ကာ MMG ၏ ပထမအကြိမ် အလှူအဖြစ် ရည်စူး လှူဒါန်းခဲ့ပါသည်။


ကိုလင်းအောင်ပြည့် ရန်ကုန် ပြန်လည် ရောက်ရှိလာပြီး နောက်ပိုင်းတွင် အမှတ် ၂၇၆၊ ပထမထပ် ၃၉လမ်း အပေါ် ဘလောက်ရှိ သူ၏ နေအိမ်တွင် အလှူခံပစ္စည်းများ လက်ခံရာ စုရပ်အဖြစ် ထားရှိပြီး အလှူငွေများ အလှူခံပစ္စည်းများကို စုဆောင်းခဲ့ပါသည်။ ရောက် ရှိလာသော ပစ္စည်းများကို သွားရောက် လှူဒါန်းရာတွင် အဆင်သင့် ဖြစ်စေရန်အတွက် လိုအပ်သော ပြင်ဆင်မှုများ ထုတ်ပိုး မှုများကို MMG အဖွဲ့ ဝင်များ၊ MC အဖွဲ့  ၀င်များ၊ သဒ္ဓါဓိက အဖွဲ့ ဝင်များ၊ စေတနာဓိက အဖွဲ့ ဝင်များ စုပေါင်းကာ ပြုလုပ်ခဲ့ကြပါသည်။

ထို့ နောက် 6.11.10 နေ့ တွင် ကျောက်ဖြူမြို့ သို့ ထွက်ခွာရန် ကြိုတင် ပြင်ဆင်ခဲ့ပါသည်။ 6.11.10 နေ့  နေ့ လယ် ပိုင်းတွင်ကျောက်ဖြူ မြို့ သို့  ထွက်ခွာမည့် အထက်ပါ အဖွဲ့ လေးဖွဲ့ ၏ အသင်းဝင်များက မိမိတို့  အဖွဲ့ ကို အသီးသီး လိုက်ပါပို့ ဆောင် နှုတ်ဆက်ကြပါသည်။ ကျောက်ဖြူမြို့ ကို ဂီရိမုန်တိုင်း အလှူခရီးစဉ်အဖြစ် ထွက်ခွာသွားသောသူများသည် ရန်ကုန်-ကျောက်ဖြူ Express ကားဖြင့် အချို့  လိုက်ပါကြပြီး အချို့ မှာ အလှူ ပစ္စည်းများ တင်ဆောင်ရန် ငှားရမ်းထားသည့် Lite Ace ကားဖြင့် လိုက်ပါသွားသည်ဟု သိရပါသည်။

အလှူ လက်ခံရရှိသော ပစ္စည်းများမှာ များပြားသဖြင့် Lite Ace ပေါ်တင်ဆောင်ပြီး အားလုံး သယ်ဆောင်ရန် အဆင်မပြေသဖြင့် အထုတ်ကြီး ၃၇ ထုတ်ကို ဘုရင့်နောင်ဝင်း အတွင်းရှိ ကုန်တင် ကားကြီးများဖြင့် ခွဲ၍ ပို့  ဆောင်ခဲ့သည်ဟု သတင်းရရှိပါသည်။

0 comments:

Post a Comment