On 0 comments

ဂီရိမုန်တိုင်း ဖြစ်ပွားခဲ့ရာ ကျော်ဖြူမြို့ ကို MMG အဖွဲ့ မှ ကိုလင်းအောင်ပြည့် ဦးဆောင်သော အဖွဲ့ ၎ဖွဲ့ သည် 6.11.10 ညနေပိုင်းတွင် ဒုတိယအကြိမ် ရန်ကုန်မြို့ မှ ထွက်ခွာခဲ့တယ်လို့  ကျွန်မ အပိုင်း(၁)မှာ ရေးသားခဲ့ပါ တယ်။ ခုဒုတိယပိုင်းမှာ ပြောချင်တာကတော့ သူ တို့  ခရီးစဉ်ရဲ့ အခက်အခဲလေးတချို့ ကို ပြောပြချင်တာပါ။

ဒီနေရာမှာ တစ်ခုပြောချင်တာက အခြားအခြားသော MMG ရဲ့ ပွဲတွေ လုပ်တိုင်းမှာ ကျွန်မက သတင်းသဘော မျိုး အမြဲရေးပါတယ်။ ဒီ တစ်ခေါက် ခရီးစဉ်မှာလည်း သတင်းရေးဖို့ ရော ကိုယ်တိုင် လုပ်အားပေးချင်တာ ရောတို့ ကြောင့် ကျွန်မ လိုက်ဖို့  ရည်ရွယ်ထားတာပါ။

ကျွန်မရဲ့ ကျန်းမာရေးအခြေအနေကြောင့် သူတို့ နဲ့ အတူ ကားနဲ့  မလိုက်နိုင်တာကြောင့် လေယာဉ်နဲ့  လိုက် မယ်လို့  လုပ်ထားခဲ့တာပါ။ ကျွန်မ လိုက်နိုင် အောင်လို့  လေယာဉ်ရှိတဲ့ 7.11.10 နေ့ နဲ့  ချိန်ပြီး 6.11.10 နေ့  မှာ သူတို့ သွားဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်းသွားချိန်မှာ ကျွန်မရဲ့ အလုပ်ကိစ္စတွေနဲ့  အဆင်မပြေတာ ကြောင့် မလိုက်ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကျွန်မကို စောင့်နေပေးခဲ့တဲ့ အဖွဲ့ ဝင်တွေကို ဒီနေရာကပဲ တောင်းပန် ပါတယ်နော်။

ဒါကြောင့် ကျွန်မက သူတို့ ကို ပြောထားပါတယ်။ သူတို့ နဲ့  သွားတဲ့ခရီးနဲ့  ပတ်သက်တဲ့ အချက်အလက်တွေ ပြန်ပြောပြပါ။ ကျွန်မ တဆင့် ခံစားတင်ပြပေးပါမယ်လို့ လေ။ ကိုနဂါး၊ ကိုတင်ကိုလင်း (MC အဖွဲ့ ) ခေါင်းဆောင်တဲ့ အဖွဲ့ က ရန်ကုန်-ကျောက်ဖြူ Express ကားဖြင့် လိုက်ပါကြတာပါ။

ဒါပေမဲ့ ကိုလင်းအောင်ပြည့်ရဲ့အိမ် အလှူခံဌာနမှာ အခန်းတစ်ခုစာလုံး ပြည့်အောင် စုပုံထုတ်ပိုးထားတဲ့ အထုတ်တွေကို ဘုရင့်နောင် ကားဝင်းကို ပို့ ပေးပြီးမှ သူတို့ စီးရမဲ့ Experss ဆီ လိုက်ကြတာပါ။ ဒီမှာလည်း ပြောစရာရှိတာက Expess နဲ့  လိုက်ပါတဲ့ သူတို့  တွေဟာ ထိုင်ခုံ မရကြပါဘူး။ မချယ်ရီအပါအ၀င် ကိုနဂါးတို့  တတွေဟာ အလယ်ခုံကနေ ဖြစ်သလို လိုက်သွားကြရတာပါ။ သွားမယ် လို့  လက်မှတ် ၀ယ်ချိန်မှာ ထိုင်ခုံ မရတော့ပါဘူး။ ဒါပေမဲ့ ရက်ထပ်မဆုတ်ချင်တာကြောင့် ရရာနေရာကနေ လိုက်သွားကြတာပါ။ ခရီးဝေး ခရီးကြမ်းကို အလယ်ကနေ လိုက်ရတာ မလွယ်တာကို အားလုံးသိမှာပါ။


ဖြစ်ချင်တော့ သူတို့  အောင်မင်္ဂလာအဝေးပြေးဝင်းကို ရောက်ချိန်မှာ Express က ထွက်သွားပါပြီ။ ထွက်သွား တဲ့ Express ကို မှီအောင် အလှူပစ္စည်းများ တင်ဆောင်ဖို့  ငှားထားတဲ့ Lite Ace ကားနဲ့ အမှီ လိုက်ရတာပါ။ Express ကားကို ထောက်ကြံ့ရောက်ချိန်မှာ မှီသွားပြီး ကိုနဂါးတို့ အဖွဲ့  ကားပြောင်းစီးသွားကြတာပါ။


ကိုလင်းအောင်ပြည့်တို့ စီးသွားတဲ့ Lite Ace ကားက ပထမပိုင်း မြေပြန့် မှာတုံးကတော့ အိုကေပါပဲ။ အဆင် ပြေပါတယ်။ ဒီလိုနဲ့ ပြည် မြို့ ကိုရောက်သည်အထိ ပြသနာ မရှိပါဘူး။ ပြသနာက ပြည်ကျော်ပြီး ရိုးမကို စဖြတ်ကျော်တော့မှ ပြသနာတက်တာပါ။ အစတုံးက ကောင်းပြီကောင်းရက်နဲ့  လိုက်လာခဲ့တဲ့ ကိုရွှေ ကားဆရာက ရိုးမကို တ၀က်နီးပါးလောက် ဖြစ်ကျော်ပြီးချိန်မှာ ဘယ်လိုမှ ဆက် မမောင်းရဲတော့ပါဘူး။

ဒါကြောင့် မနက်၆နာရီလောက်မှာ ရှေ့ ဆက်လိုက်ရင် သူ့ ကားပျက်ရပါတော့မယ်၊ အင်ဂျင်ကွဲ ပါတော့မယ် ဆိုပြီး မသွားတော့ပါဘူး။ ကိုလင်းအောင်ပြည့်တို့ ကိုလည်း သူနဲ့ အတူ ရန်ကုန် ပြန်လိုက်ခဲ့ပါတဲ့။ ရန်ကုန် တော့ ပြန်မလိုက်နိုင်ဘူး။ ခင်ဗျား ထားခဲ့ရက်ရင်လည်း ဒီနေရာမှာပဲ ချထားခဲ့တော့ဗျာဆိုပြီး ပြောလိုက်တာ ဟိုကားဆရာက သူတို့ ၃ယောက်ကို တကယ်ပဲ ရိုးမထဲက ရွာတစ်ရွာဖြစ်တဲ့ ညောင်ချိုး ဆိုတဲ့ရွာလေးမှာ သူတို့ ကို အထုတ်တွေနဲ့ အတူ ချထားခဲ့ပြီး ရန်ကုန် ပြန်သွားခဲ့ပါတယ်။

မနက်၆နာရီလောက်မှာ စိတ်ညစ်ပြီး ချွေးပြန်ခဲ့ရတာပေါ့။ ကုန်ကားတွေ တားခဲ့ပေမဲ့ ဘယ်ကုန်ကားကမှ သူတို့ ကို မတင်ခဲ့ပါဘူး။ ဘာလို့ လဲဆိုတော့ သူတို့ က ကုန်အပြည့်တင်လာပြီးသားလေ။ ဒါကြောင့် လမ်းကြုံ ဘယ်လိုမှ တင်မပေးနိုင်ပါဘူး။ ဒါနဲ့  ကိုလင်းအောင်ပြည့်တစ်ယောက် ရွာထဲက ဆိုင်ကယ်တစ်စီး ငှားပြီး အောက်ဘက်ကို ပြန်ဆင်းရပါတယ်။ ညောင်ချိုးနဲ့  ၁၇-၁၈မိုင်လောက် ဝေးတဲ့ ဥသျှစ်ပင်ဆိုတဲ့ ရွာလေးကို ပြန်ဆင်းလာတာပါ။

သူက ပြည်နဲ့  ပိုနီးပါတယ်။ ဥသျှစ်ပင်ဆိုတဲ့ ရွာလေးမှာ တစ်အိမ်တက်ဆင်း ကားလိုက်ရှာရပါတယ်။ အားလုံး က ရခိုင်ဘက် ကျောက်ဖြူဘက်ဆို မလိုက်ချင်ပါဘူး။ ဝေးတယ်။ လမ်းကြမ်းတယ်။ ကားပျက်မယ်။ မမောင်းရဲ ဘူး စတဲ့ အကြောင်းပြချက် တွေ အများကြီးရခဲ့ပါတယ်။ ဒါနဲ့  တရွာလုံးနီးပါး ကုန်ခါနီးမှာမှ ခုကားငှားပေး လိုက်တဲ့ အိမ်ကို ရောက်သွားခဲ့ပါတယ်။ ကားငှားပါလို့  မပြောတော့ပဲ ဒုက္ခရောက်လာလို့  ကူညီပါဆိုပြီး အကူအညီ တောင်းခဲ့တာပါ။ အိမ်ပိုင်ရှင် ကားဆရာက အကြာကြီး စဉ်းစားပြီးမှ လိုက်ပေးမယ်လို့  ဆုံးဖြတ်ခဲ့ တာ။

သတ်မှတ်တဲ့ တန်ဖိုးပေးရတာ ဖြစ်ပေမဲ့ စေတနာထားပြီး လိုက်ပေးတာသာ မဟုတ်ခဲ့ရင် ဒုက္ခရောက်ပြီလေ။ ဟိုတစ်ဖွဲ့ ကလည်း သွားနှင့်တာ ရောက်လုပြီ။ ဒီလိုနဲ့  Express နဲ့ သွားတဲ့ ကိုနဂါးတို့  ကျောက်ဖြူကို နေ့  လယ် ၁၂နာရီလောက်မှာ ရောက်ရှိသွားပါပြီ။ အဲဒီအချိန်ကျမှ သူတို့ က ညောင်ချိုးကနေ ထွက်ခဲ့ရတာပါ။ အချိန် ၆နာရီလောက် အလဟသ ဖြစ်ခဲ့ရတယ်လို့  ကိုလင်းအောင်ပြည့်က ပြောပါတယ်။

Express ကားနဲ့  သွားတုံးက တံတားတွေ ဘာမှ မဖြစ်ဘူး ထင်ခဲ့ပေမဲ့ တကယ်တမ်း ကိုယ့်ကားနဲ့  ကိုယ် သွားတော့မှ တံတားတွေ မကြံ့ခိုင်တာ၊ အောက်ခြေမှာ တိုင်တွေ ကျိုးနေတာ တွေ့ ခဲ့ရတယ်တဲ့။ တံတား တစ်ခုရောက်တိုင်း ဆင်းပြီး ဖြေးဖြေးချင်း လှိမ့်မောင်း ခဲ့ရပါတယ်တဲ့။ ကားကြီးတွေကတော့ ဒီအတိုင်း မျက်စိမှိတ်ပြီး ၀ုန်းဒိုင်းကျဲ ဖြတ်နေတာ အလွန် အန္တရယ်များပါတယ်လို့  သူက ပြောပါတယ်။

အခက်အခဲတွေ ဖြတ်ကျော်ပြီး တောင်ဆင်းတောင်တက်တွေ ရိုးမတွေ ဖြတ်ကျော်ပြီး သူတိုရဲ့ ကားဟာ ည ၁၂နာရီကျော်မှာ ကျောက်ဖြူမြို့ က ရတနာထွန်း တည်းခိုခန်းကို ချောမွေ့ စွာ ရောက်ရှိခဲ့ကြောင်းပါလို့ ။

ကိုလင်းအောင်ပြည့်ပြောပြသော ခရီးစဉ်အတွေ့ အကြုံများကို ထပ်ဆင့်ခံစား တင်ပြ သွားပါမည်။

0 comments:

Post a Comment