On 0 comments

တစ်နှစ်ပြည့် အခမ်းအနားနဲ့  ပတ်သက်တဲ့ အခက်အခဲတွေထဲက တစ်ခုကို ပြောရမယ်ဆိုရင်တော့ စာအုပ် ထုတ်တဲ့ အပိုင်းကို ပြောပြချင်ပါတယ်။ တစ်နှစ်ပြည့် အထိမ်းအမှတ် စာအုပ်ထုတ်မယ်ဆိုပြီး စာမူတွေ တောင်းခဲ့ ပါတယ်။ စာမူ ပိတ်ရက်ကိုလည်း ကြိုပြီး သတ်မှတ်ခဲ့ပါ တယ်။ မနှစ်က ၁လပြည့်လုပ်ချိန်မှာလည်း ကိုသူရိန်၊ ကိုဇောင်း၊ ကိုသစ်ကိုတို့  နှိပ်စက်လို့  ကျွန်မ ၃ရက်နဲ့  စာအုပ် အပြီးလုပ်ပေးခဲ့ရလို့  အမှားအယွင်း လေးတွေ ရှိခဲ့တာမို့  ဒီတစ်ကြိမ်မှာတော့ ဒီလို မဖြစ်ကြေးလို့  ပြောခဲ့ကြတယ်။ ၁လပြည့် စာအုပ်ထုတ်ပြီးထဲ က ၁နှစ်ပြည့် စာအုပ်ကို ရှယ် စီစဉ်မယ်ပေါ့။

ဒါပေမဲ့ ပြောရမယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမယ် ထင်ပါရဲ့။ ဘာလို့ လဲဆိုတော့ စာမူတွေ လက်ခံတာလည်း ကျွန်မတို့ ပဲ ဖြစ်နေပြီး စာအုပ်ကို ဖြစ်မြောက်အောင် စီစဉ်တာလည်း ကျွန်မတို့ ပဲ ဖြစ်နေခဲ့ တယ်လေ။ ဒါကြောင့် စာအုပ်ကို အသည်းအသန်လုပ်ရတာလည်း ကျွန်မတို့ ပဲ ဖြစ်ခဲ့တာပေါ့နော်။

ပြောရမယ်ဆိုရင် ဒီစာအုပ်လေး ဒီလို ရုပ်နာမ်လေး ထွက်လာအောင် အဓိက ပုံဖော်ထုဆစ်ခဲ့တာ ကိုလင်း အောင်ပြည့် ပါ။ အားကြိုးမာန်တက် ကြိုးစားပြီး ဒီစာအုပ်လေး ဖြစ်မြောက်အောင် ညဖက် ၄ရက် လောက် မအိပ်ရပဲ ညလုံးပေါက် ကူညီပေးမဲ့ MMG အဖွဲ့ ဝင်တွေ မရှိပဲ တစ်ယောက်ထဲ ငုတ်တုတ် ထိုင်လုပ်ခဲ့ရတာပါ။

နောက်ပြီး သူကိုယ်တိုင်ကလည်း သူလှုပ်ရှားပါဝင်နေတဲ့ အသင်းတွေ အဖွဲ့ အစည်းတွေ အများကြီးမှာလည်း တာဝန်ယူထားရတဲ့ ကိစ္စတွေ အများကြီးပါ။ အဲလို မအားတဲ့ကြားက MMG အတွက် အချိန်ပေး ခဲ့တာပါ။
ဒီမှာ တစ်ခု ပြောစရာရှိပါတယ်။ တကယ်တန်း စာအုပ်ကို အပြင်မှာ အပ်လိုက်လည်း ရတာပဲ မဟုတ်လား။ ဒါဆိုရင် မမှီ မှာလဲ စိတ်မပူရတော့ဘူး။ ဟိုပြေး ဒီပြေးလည်း မပြေးရတော့ဘူးပေါ့။ ဒီနေရာမှာ ကျွန်မတို့  အားလုံးက ဘယ်နေရာမှာ မဆို ကိုယ်တိုင်လုပ်ချင်ကြတဲ့ စိတ်တွေ သွားတူကြတာပါပဲ။ အားလုံးကို MMG ကလူတွေလုပ်တဲ့ hand made လေး တွေပဲ ဖြစ်ချင်ကြတယ်လေ။

ဝါဆိုသင်္ဃန်းကပ်တုံးက အားလုံး ၀ိုင်းပြီး ချက်ပြုတ် လုပ်ကိုင်ကြသလိုပေါ့။ စာအုပ်ကိစ္စတွေ စီစဉ်ရာမှာလည်း အဓိက အားတစ်အား လျော့ ခဲ့ရပါတယ်။ ကျွန်မတို့ အဖွဲ့ ရဲ့ ခြေမြန်တော် ကိုသစ်ကိုတစ်ယောက် စာမေးပွဲ ဖြေနေရလို့  ဒီ စာအုပ်ကိစ္စတွေ ဒီပွဲကိစ္စတွေကို တကယ်တန်း run ချိန်မှာ သူ မပါနိုင်တော့ပါဘူး။ ဒီတော့ ကိုသူရိန်ရယ်၊ ကျွန်မရယ်၊ စာအုပ်လုပ်ပေးဖို့  တာဝန်ယူထားတဲ့ ကိုလင်းအောင်ပြည့်ရယ် ၃ယောက်ထဲ ဖြစ်ခဲ့ရပါတယ်။ ကျန်တဲ့သူတွေကလည်း သူတို့ ရဲ့ လုပ်ငန်းခွင်တွေ၊ စာသင်ခန်း တွေကြားမှာ မအားလပ်ကြဘူးလေ။ ဒီတော့ နားလည်ပေးခဲ့ရပါတယ်။

တကယ်တော့ ဒီစာအုပ်လေးဟာ ကျွန်မတို့ လို ၀ါသနာရှင်တွေရဲ့ လက်ရာကို စုစည်းထားတာမို့ လို့  Professional အနေနဲ့  ကြည့်ရင် အားမရစရာ စိတ်တိုင်းမကျစရာ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ကျွန်မအနေနဲ့ ကတော့ ဒီစာအုပ်လေးကို အတိုင်းအတာ ကြီးကြီးမားမားတစ်ခုအထိ အားရမိပါတယ်။ ကျေလည်း ကျေနပ်ခဲ့ပါတယ်။

စီစဉ်ချိန် ၃-၄ ရက်အတွင်းမှာ အပြီးလုပ်ရတာမို့  တချို့ တချို့  စိတ်တိုင်းမကျစရာတွေ ဖြစ်ခဲ့ပေမဲ့ မတတ်နိုင် တော့ပါဘူး ဒီအတိုင်း လက်လွှတ် လိုက်ပါတော့လို့  ပြောပေမဲ့ မရရအောင် မှီတဲ့အချိန်အတွင်းမှာ ကြိုးစား လုပ်ဆောင် ပေးခဲ့တဲ့ ကိုလင်းအောင်ပြည့်ကို ကျွန်မ ဒီနေရာကနေ MMG ကိုယ်စား ကျေးဇူး အထူးတင်ပါ တယ်လို့ လေ။

ကြိုတင်စုဆောင်းထားတဲ့ စာမူတွေကလည်း ကွန်ပျူတာအပ်ရင်း ဟိုရောက် ဒီရောက်၊ တချို့ နှစ်ပုဒ်ပို့ တဲ့ စာမူတွေကို ဘယ်အပုဒ်ရွေးမလဲ လုပ်ရင်း Print ထုတ်ထားမိတာကလည်း ၂ခုစလုံးရှိနေ၊ တချို့ ကျတော့ ထုတ်ပြီးထားပြီ ထင်ပြီး စာစီကာမှ ရှာမတွေ့ ၊ တချို့ ကျတော့ Forward Mail ထဲမှာ တွေ့ ဖူးထားတာမျိုး ဖြစ်လို့  ချန်ထားခဲ့ရ၊ ကာတွန်း အတွက် တစ်ယောက်ထဲပို့ ထားပေးတဲ့ မလားရှိုးမမရဲ့ ကာတွန်းတွေထဲမှာမှ ဘယ်ဟာလေးက ပို အဆင်ပြေမလဲ ရွေးရ နဲ့ လေ။

ဒီစာအုပ်လေးဖြစ်လာအောင် ကျွန်မ တတ်နိုင်သမျှ ကူညီ အားထုတ်ခဲ့ပါတယ်။ တချို့  မရှိသေးတဲ့ စာမူတွေ ပြန်ထုတ် ဖို့ ကိုလင်းအောင်ပြည့်ရဲ့ မြို့ ထဲ အလုပ်ခန်းကနေ ကိုသူရိန်ရဲ့ ကျိုက္ကဆံက အင်တာနက်ဆိုင်ရှိရုာ လိုက်သွားပြီး စာမူ ထုတ် ပြီးရင် မြို့ ထဲပြန်ပြီး စာမူပြေးပေးနဲ့  ကျွန်မပဲ ခြေမြန်တော် လုပ်ခဲ့ရပါတယ်။

စာမူတွေ ရပြီးတော့လည်း စစ်သည်အင်အား နှစ်သိန်းနှင့် ညီမျှသော ကျွန်မနဲ့  ကိုလင်းအောင်ပြည့်တို့  နှစ်ယောက် စာမူကို အမျိုးအစား Tag တွေ ထပ်ခွဲ၊ ပါမဲ့လူစာရင်းတွေ ရေး၊ မာတိကာ ဘယ်လိုထားရင် ကောင်းမလဲ။ ဘယ်စာမူကို အရင်ဆုံး ထားမလဲ ပြန်တိုင်ပင်ပေါ့။ ကိုယ်ပဲ အဆိုတင်သွင်းလိုက် ကိုယ်ပဲ ပြန်ထောက်ခံလိုက်နဲ့ ပေါ့။

ပြီးတော့ တမ်းတမ်းတတ ပြောဖြစ်ပါသေးတယ်။ ဒီအချိန်မှာ MMG အဖွဲ့ ဝင်သားတွေ အများကြီးသာ အနား မှာ ရှိခဲ့ရင် ဘယ်သူကတော့ ဘာတာဝန်ယူ၊ ဘယ်သူကတော့ ဘာပြေးလုပ်ပေးနဲ့  စီစဉ်လို့  အရမ်း အဆင်ပြေ မှာပဲလို့  လေ။ ဒါပေ မဲ့ ဘာပဲပြောပြော ဘယ်လို အခက်အခဲပဲရှိရှိ စာအုပ်ကလေးကတော့ သပ်ရပ်စွာနဲ့  MMG အဖွဲ့ ဝင်တွေဆီကို ရောက်ရှိ ခဲ့ပါပြီ။

မမှတ်သေးပဲ ထပ်ပြောရမယ်ဆိုရင် နောက်နှစ်ကို ဒီထက် အချိန်ပို ယူပါ့မယ်။ စာအုပ်ကိုလည်း ဒီထက် ပို ကောင်းစေရမယ်။ ရေးသူတွေလည်း ဒါထက်များအောင် လူတွေလည်း ပိုစည်အောင် ကျွန်မတို့  ကြိုးပမ်း သွားပါမယ်လို့ လေ။ အားလုံးကလည်း ကိုယ်တတ်နိုင်သလောက်လေး တွေနဲ့  ၀ိုင်းဝန်းကြိုးစား အားပေး ကြပါအုံးနော်။

0 comments:

Post a Comment