On 0 comments

8.11.10

အခက်အခဲတွေ ကျော်ဖြတ်ပြီး ကျောက်ဖြူကို အောင်မြင်စွာနဲ့  ရောက်ရှိခဲ့ကြပါပြီ။ ဒါပေမဲ့ ပစ္စည်းထုတ် အတော်များများ တင်ပေးလိုက်တဲ့ ကုန်တင်ကားက ရောက်မလာသေးတာမို့ ပစ္စည်းမစုံလင်တာကြောင့် ရွာတွေ မသွားရသေးပါဘူး။ ကုန်တင်ကားက နေ့ လည် ၁၂နာရီလောက်မှ ရောက်မယ်လို့ ပြောတာကြောင့် ပစ္စည်းစောင့်ရင်း နားနေကြပါတယ်။ လမ်းခရီးမှာ ပင်ပန်းလာတာလည်း နဲနဲပါးပါးပြေအောင်လို့ ပေါ့။

မနက်ပိုင်း နားနေပြီးချိန်မှာ အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ မချယ်ရီက အလာခရီးစဉ်မှာ ခရီးသည်တင် Express နဲ့  လာရတာမို့  လမ်းမှာ ပါလာတဲ့ မှတ်ပုံတင်နဲ့  သိပ်အဆင်မပြောတာကြောင့် အပြန်လမ်းမှာ ပြသနာ မရှိအောင် ပုံစံ(၄) လုပ်ကို ရုံးမှာ သွားလုပ်ကြပါတယ်။ ညနေစောင်းတောင်အောင် ကုန်တင်ကား ရောက်မလာတာမို့  ဘယ်မှ မသွားရပဲ ကျောက်ဖြူမြို့ မှာ တင် အချိန်ကုန်ခဲ့ရတဲ့ နေ့  တစ်နေ့  ဖြစ်ခဲ့ပါတယ်။


9.11.10

မနက်ပိုင်းမှာ အားလုံး မျှော်လင့် စောင့်စားနေတဲ့ ပစ္စည်းတွေ ရောက်လာတာမို့  သွားဖို့  ရွယ်ထားတဲ့ ရွာတွေ ဆီ ထွက်ခွာဖို့  ပြင်ဆင်ပါ တယ်။ သွားမဲ့ရွာတွေက ပထမအကြိမ် သွားလှူခဲ့တဲ့ ပြင်ဝန်းဆိုတဲ့ ရွာလေးရယ်၊ ကျွန်းသာယာဆိုတဲ့ ရွာရယ်ပါ။ ပြင်ဝန်းက စက်လှေ နဲ့  ကျောက်ဖြူဆိပ်ကမ်းကနေ သွားရင် ၅နာရီ ကြာပါ တယ်။ ကျွန်းသာယာက စက်လှေနဲ့ သွားရင် ၄နာရီလောက်ကြာပါတယ်။ ဒါကြောင့် ကျွန်းသာယာကို အရင် ၀င်ဖို့  စီစဉ်ထားပါတယ်။ မနက် ၁၁နာရီ ၃၀ မိနစ်မှာ စက်လှေပေါ် ရောက်ရှိ စတင် ထွက်ခွာကြောင်း သတင်း ရရှိပါတယ်။ MMG ရဲ့ မင်းသားကြီး ကိုနဂါးကတော့ စက်လှေဦးမှာ အလှဓာတ်ပုံများ ရိုက်ကူးလျက် ရှိတယ် လို့ ထပ်မံသတင်း ရရှိပါတယ်။

ကိုလင်းအောင်ပြည့်ပြောပြသော ခရီးစဉ်အတွေ့ အကြုံများကို ထပ်ဆင့်ခံစား တင်ပြ သွားပါမည်။

0 comments:

Post a Comment