On 0 comments

ကိုလင်းအောင်ပြည့် ဦးဆောင်သော အဖွဲ့ ဝင်များသည် ကျောက်ဖြူဆိပ်ကမ်းမှ 9.11.10 နေ့ ခင်းပိုင်းတွင် ကျွန်းသာယာရွာလေးသို့  စက်လှေဖြင့် ထွက်ခွာခဲ့ပါသည်။ အဆိုပါ ရွာလေးတွင် အိမ်ခြေ ၆၃၀ကျော် ရှိပြီး ကျောက်ဖြူဆိပ်ကမ်းမှ ၄နာရီကျော်ကြာ စက်လှေဖြင့် သွားရသည်ဟု သိရပါသည်။

ထိုရွာတွင်ရှိသော ဒုက္ခသည်များအား ကိုယ်တိုင်ကိုယ်ကျ ကယ်ဆယ်ရေးပစ္စည်းများ ဝေခြမ်းခွင့်ရရန်အတွက် တာဝန်ရှိသူများနှင့် ပြောဆိုဆွေးနွေးပြီး အလှူပစ္စည်းများကို ကိုယ်တိုင် ပေးဝေခဲ့ကြသည်ဟု သိရပါသည်။ အ၀တ်အထည်များနှင့် ခေါက်ဆွဲခြောက်များကို အဓိကထား၍ အိမ်ထောင်စု တစ်ခုချင်းစီအတွက် ပေးဝေခဲ့ပါသည်။ ဆေးဝါးနှင့် အခြား ခွဲခြမ်းရန် ခက်ခဲသော ပစ္စည်းအချို့ (ဥပမာ - ရေသန့် ဘူး၊ Water guard) ကို ထိုရွာရှိ သူနာပြုဆရာမကြီးထံတွင် ပေးအပ်ခဲ့ကြောင်း သိရပါသည်။၎င်းနောက် ညနေ ၆နာရီ ကျော်တွင် ကျွန်းသာယာမှ ပြန်လည် ထွက်ခွာလာခဲ့ပြီး ပြင်ဝန်းကျေးရွာသို့  ဆက်လက် ထွက်ခွာခဲ့ပါသည်။

ပြင်ဝန်းကျေးရွာသို့  ရောက်ရှိချိန်တွင် ညနက်နေပြီဖြစ်၍ ထိုရွာတွင် ညအိပ် ရပ်နားခဲ့ပါသည်။ ပြင်ဝန်းကျေးရွာရှိ ရွာသားတစ်ဦး၏ အိမ်တွင် အမျိုးသား၇ဦး အိပ်စက်ကြပြီး မချယ်ရီနှင့် မရင်သွေးဦး၏ ညီမဖြစ်သူတို့ မှာ မိန်းမဖော်များရှိရာ အခြားအိမ်တစ်ခုတွင် နေထိုင် တည်းခိုကြကြောင်း သိရပါသည်။

မနက်မိုးလင်းချိန် ပြင်ဝန်းရွာတွင် အလှူပစ္စည်းများ ဝေခြမ်းပြီး ကျောက်ဖြူမြို့ သို့  ပြန်လာမည် ဖြစ်ကြောင်း သိရပါသည်။ ရွာများတွင် အထူးလိုအပ်နေသော ပစ္စည်းမှာ အမိုးလုပ်ရန် တာပေါ်လင်စများ ဖြစ်ကြောင်း သိရပါသည်။

ကိုလင်းအောင်ပြည့်ထံမှ သိရှိရသည်များကို ထပ်ဆင့် ခံစားတင်ပြပါသည်။

0 comments:

Post a Comment