On 0 comments

ပြင်ဝန်းကျေးရွာတွင် အိမ်ခြေပေါင်း ၆၀၀ ကျော်ရှိသည်ဟု သိရပါသည်။ ပြင်ဝန်းရွာတွင် ညအိပ်ကြပြီး 10.11.10 မနက်ပိုင်းတွင် ရွာသားများအား အ၀တ်အထည်၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာ၊ ဖယောင်းတိုင်၊ ကော်ဖီ (သို့ ) အိုဗာတင်းထုတ်များနှင့် ဆန်အချို့ ကို လှူဒါန်းခဲ့ပါသည်။

ပြင်ဝန်းရွာတွင် အပိုင်၎ခုခွဲထားသည်ဟု သိရပါသည်။ ကိုလင်းအောင်ပြည့်ထံမှ ထပ်မံသိရသည်မှာ ပြင်ဝန်းရွာ အနီးရှိ သင်ပေါင်းချောင်း ရွာနှင့် ရေနီကြီးရွာတို့ တွင် ၀မ်းရောဂါများ ဖြစ်ပွားလျှက် ရှိပြီး လိုအပ်သော ထောက်ပံ့မှုများ မရှိသေးကြောင်း သိရပါသည်။ အဆိုပါ ရွာ၂ရွာတွင် သောက်ရန် ရေသန့် ရှားပါးလွန်းသော ကြောင့် ကိုယ်တိုင် ဒုက္ခခံစားနေရသော ပြင်ဝန်းရွာသားများကပင် ထိုရွာများသို့  ရေများ လှူဒါန်းပေးပို့  နေရ ကြောင်း သိရပါသည်။

ထိုရွာများတွင် ဆေးဝါးနှင့် ရေသန့် များ၊ ရေသန့် စင်ရန်ပစ္စည်းများ Water guard တို့  လိုအပ်နေကြောင်း သိရပါသည်။ ပြင်ဝန်းရွာ တွင် ရွာသားများအား ဝေခြမ်း ခွဲဝေပြီး ထိုနေ့ ညနေပိုင်းတွင် ကျောက်ဖြူမြို့ သို့  ပြန်လည် ရောက်ရှိကြောင်း သတင်းရရှိပါသည်။

ကိုလင်းအောင်ပြည့်ထံမှ သိရှိရသည်များကို ထပ်ဆင့်ခံစားတင်ပြပါသည်။

0 comments:

Post a Comment