On 0 comments





အားလုံးစိတ်ဝင်စားကြတဲ့ ဇာတ်လမ်းက ခုမှ စပါတယ်။ ကြိုးကြာကို အပြင်မှာ တစ်ခါမှ မမြင်ဘူးတဲ့ ကျွန်မက ကိုလင်းအောင်ပြည့် ကင်မရာအောက်မှာ ပို့ စ်ပေးနေတဲ့ ငှက်ကို ကြည့်ရင်း အလန့် တကြား ထအော်လိုက်တဲ့ စကားက ကမ္ဘာမကျော်ပေမဲ့ မာတီမှာ၊ MMG မှာ နာမည်ကြီးတော့မှာ သေချာပါတယ်။

“ဟယ် ကြိုးကြာကြီးရဲ့ နှုတ်သီးက အလယ်မှာ ပေါက်နေတယ်တော့” တဲ့လေ။

ကျွန်မရဲ့ အာမေဋိတ်သံအဆုံးမှာ အားလုံးက ၀ိုင်းရယ်ကြပါတယ်။ အဲဒါ နှာခေါင်းပေါက်တဲ့။ နှုတ်သီးပေါက် နေတာ မဟုတ်ဘူးတဲ့ သေရော။ ဒီစကားကို ဖွကြတော့မယ်လို့ တော့ ထင်သား။ နှုတ်ပိတ်ခ မပေးခဲ့မိဘူးကိုး ဟ ဟ။ ကျွန်မက အဲလို လွဲတာလေ။


ရှင်စောမြတ်စေတီက အပြန်လမ်းမှာ ကိုကြည်နိုင်က ကျွန်မတို့ ကို ရွာလမ်းလေးကနေ ပတ်ပြီး ခေါ်သွားပါ တယ်။ ၀ါးရုံပင်တွေကြားကနေ ဖြတ်သွားရတဲ့ ရွာလမ်းလေးက အေးအေးချမ်းချမ်း သာသာယာယာ ရှိလှ ပါတယ်။


ဘုရားကအပြန် လမ်းမဘေးမှာရှိတဲ့ သုခိတရာမ ပရဟိတစာသင်ကျောင်းကို ကျွန်မတို့  ရောက်သွားချိန်မှာ ဆရာတော်က ဆွမ်းစားပြီးရုံပဲ ရှိပါသေးတယ်။ ကျွန်မတို့ က ကျောင်းရဲ့ အခြေအနေကို စုံစမ်းကြည့်တဲ့အခါ ဒီကျောင်းလေးမှာ သူငယ်တန်းကနေ စတုတ္ထတန်းအထိ ပညာဒါန သင်ကြားပေးရန် လက်ခံပြီး လက်ရှိ ကျောင်းသူကျောင်းသား ၂၀၀ ကျော်လောက် ရှိတယ်လို့  သိရပါတယ်။

၁၀တန်း ကျောင်းသူ၊ကျောင်းသားများကိုတော့ ဆရာတော်က သီးသန့်  လက်ခံပြီး စာကျက်ဝိုင်းပုံစံနဲ့  လက်ခံ သင်ကြားပေးတယ်လို့  သိရပါတယ်။ ကျောင်းသားတွေကို ဆရာတော် ကိုယ်တိုင်လည်း စာသင်ကြား ပေးပါသတဲ့လေ။

ကျောင်းဖွင့်စမှာ ကျောင်းသူ ကျောင်းသားတွေအတွက် အနည်းဆုံး စာအုပ် ဒါဇင် ၅၀လောက် ဦးစွာ လိုအပ် တယ်လို့  သိရပါတယ်။ ဒါနဲ့  ကျွန်မတို့ တွေလည်း ဂျပန်ရောက်နေတဲ့ ညီမလေး သော်တာက စာအုပ်တွေ လှူဒါန်းချင်တဲ့ အကြောင်း လျှောက်ထားရင်း တွက်ကြည့်လိုက်တဲ့အခါ ညီမလေး သော်တာ လှူဒါန်းမဲ့ ငွေ ၁သိန်းဟာ စာအုပ် ဒါဇင် ၅၀၊ ခဲတံ ဒါဇင် ၅၀စာ လှူဒါန်းနိုင်တာကြောင့် ကျောင်းဖွင့်အမှီ တခါထဲ ဝေပေးနိုင်အောင် ရည်ရွယ်ပြီး ဒီကျောင်းလေးမှာပဲ လှူဒါန်း ပေးခဲ့ပါတယ်။

နောက်တော့ ကျောင်းဝင်းထဲမှာ လှည့်ပတ်ကြည့်ရှုရင်း ဗိုက်လည်း ဆာနေပြီမို့  အမြန် ပြန်ကြပါတယ်။ အပြန်မှာ Café 35 ကို ခဏ၀င်ပြီး ညီမလေး သော်တာ့ဆီ မေးလ်ပို့ ၊ သူ့ အလှူပုံလေးတွေကို တခါထဲ Attached လုပ်ပြီး ပို့ လိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ ညီမလေး သော်တာဆီကနေ ဖုန်းဝင်လာတာမို့  အားလုံးနဲ့  ပြောလိုက်ရ ပါတယ်။


ပြီးတာနဲ့ ဆရာ ဦးငြိမ်းစိုးဦးအိမ်ကို အရောက်မြန်မြန် ပြေးကြတော့တာပါပဲ။ ကိုသတိုးဆီကလည်း ဖုန်းလာ ပါတယ်။ သူ့ အမေ သက်သာသွားပြီမို့  ဆေးရုံတင်စရာ မလိုတော့ပါဘူးတဲ့။ သူလည်း ပြီးရင် ဒီအုပ်စု နောက်ကို လိုက်လာခဲ့ပါမယ်တဲ့။ အားလုံးလည်း နည်းနည်းတော့ စိတ်အေးသွားပါတယ်။

ဆရာ့အိမ်ရောက်တော့ ဆရာနဲ့  ကိုဝင်းနိုင်-အလင်္ကာတို့ က ကျွန်မတို့  မလာသေးတာမို့  ထမင်းစား နှင့်နေပါပြီ။ ကျွန်မတို့ လည်း ရောက်လာရော ဆရာက စားလက်စကို ရပ်ပြီး ကျွန်မတို့ ကို ဆရာကတော်နှင့် အတူ ခူးခပ်ကျွေးမွေးပါတယ်။ ဟင်းတွေကလည်း ဖွယ်ဖွယ်ရာရာပါပဲ။ ကိုကြည်နိုင်တို့ ကဆိုရင် သော်တာ လေးကို သရေယိုအောင် ဆရာငြိမ်းအိမ်မှာ ဟင်း၈မျိုးနဲ့  ထမင်းသွားစားမယ်ဆိုတာကြောင့် သော်တာ့ခမျာ သူကတော့ ခေါက်ဆွဲပြုတ်ပဲ သောက်နေရတာလို့  ကြိတ်မနိုင်ခဲမရ ဖုန်းထဲကနေ အော်နေပါတယ်။


ဆရာ့အိမ်က ဟင်းချက်ကောင်းသလို အားလုံးကလည်း ဆာနေတာမို့ အမှန်အကန် စားကြပါတယ်။ အားလုံး သရေယိုအောင် ပြောရရင် ပုဇွန်ကြော်၊ ကြက်သားဆီပြန်၊ ကန်စွန်းရွက်ကြော်၊ ချဉ်ရေဟင်း၊ မြစ်ငါးတန် ဆီပြန်၊ ငပိ တို့ စရာနဲ့  စားမြိန်စရာတွေချည်းပါပဲ။


ထမင်းစားပြီး ထိုင်စကားပြောကြတော့လည်း အချိုပွဲအစုံနဲ့  ဧည့်ခံပါတယ်။ ခဏနေတော့ ဆရာ့က ဆရာ့ အမျိုးသမီးကို ကျွန်မကို အိမ်ထဲ ခေါ်ပြလိုက်ပါလို့  ပြောပါတယ်။ ကျွန်မ အိမ်ထဲ လိုက်ဝင်သွားတော့ အိမ်ခန်း ထဲမှာ ကျွန်မအတွက် အိပ်ရာပြင်ထားပေးတာပါ။ မိန်းကလေး တစ်ယောက်ထဲ ပါလာမှာမို့ လို့  ဆရာတို့  အိမ်မှာ ကျွန်မ နားနေဖို့ အတွက် စီစဉ် ပေးထားတာပါ။ ကျွန်မတို့ ရောက်ချိန်ကလည်း နောက်ကျနေ၊ ခဏပဲလည်း နားဖို့ အချိန်ရတော့တာမို့ ကိုကြည်နိုင် တို့ က ဆရာတို့ ကို နှိုးရမှာ အားနာတာနဲ့  ကျွန်မကို သွားမပို့ တော့တာပါ။


ဆရာ လာရှာတဲ့အချိန်ကလည်း ကျွန်မတို့ က လဘက်ရည်ဆိုင် ရောက်နေတာမို့  မတွေ့ ပဲ လွဲသွားတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မကအတွက် စဉ်းစားပြီး စီစဉ်ပေးထားတာ ကျေးဇူးပါနော်။ ဆရာ့အမျိုးသမီး ပြောတဲ့ စကားတစ်ခွန်း ကလည်း မှတ်သားစရာပါ။


ကျွန်မတို့ တွေဟာ အရင်က နာမ်ချင်းပဲ သိပြီး ခုမှ ရုပ်တွေ မြင်ခွင့်ရကြတာတဲ့လေ။ ဟုတ်တယ်နော်။ တစ်ယောက်နဲ့  တစ်ယောက် လူချင်းသေချာ တွေ့ ဖူး ပြောဖူး ဆိုဖူးကြတာလည်း မဟုတ်ပဲ အသံချင်း၊ စကားလုံးချင်း အတွေးအခေါ် ချင်းသာ ဖလှယ် ရင်းနှီးခဲ့ရတာလေ။ ခုလို လူချင်း ရင်းနှီးတော့လည်း ပိုပြီး နားလည်မှု၊ ခင်မင်မှုတွေ တိုးပွားခဲ့ရပါ တယ်။


ဆရာ့အိမ်မှာ စကားပြောပြီးချိန်မှာ အအေးသောက်ဖို့  ဖိတ်ထားတာကြောင့် ရှမ်းလေး အအေးဆိုင်ကို ဆက်လက် ထွက်ခွာခဲ့ပါတယ်။ ဆရာကတော့ Café 35 မှာ ညနေ ၃နာရီအချိန်မှာ ပြုလုပ်မဲ့ ဆုပေးပွဲကိုပဲ တန်းလာခဲ့မယ်တဲ့။ ကျွန်မတို့ နဲ့  အအေးဆိုင် မလိုက်တော့ပါဘူး။


အအေးဆိုင်သွားတဲ့လမ်းမှာ ထန်းသီးတွေ အခိုင်လိုက် ရောင်းတဲ့ဆိုင်က ထန်းသီးတွေ စားချင်တယ်လို့  အသွားထဲ က ပူဆာထားတော့ ကျွန်မကို ကျုံတိုင်းက အကိုတွေက ထန်းသီး ၀ယ်ကျွေးကြပါတယ်။ ရန်ကုန်မှာ စားရတဲ့ ထန်းသီးလို မဟုတ်ပဲ နုဖတ်နေတာပါပဲ။


အအေးဆိုင်မှာ စကားပြော အအေးသောက်ကြပြီး ညနေ ၃နာရီမှာ Café 35 ကို ပြန်ကြပါတယ်။ ကျွန်မတို့ ရောက်ပြီး မကြာခင်မှာပဲ ကိုသတိုးလည်း ရောက်လာတာမို့  ဆုပေးပွဲအတွက် လူစုံပါပြီ။

ဆုပေးပွဲနဲ့  ပတ်သက်ပြီး ကျွန်မမှာ ပြောစရာ ရှိပါတယ်။ ရန်ကုန်မှာရှိစဉ်ထဲက ဆုရတဲ့သူများအတွက် ကျွန်မ အမှတ်တရ တစ်ခုခု စီစဉ်ထားတယ်လို့  ပြောပါတယ်။ သူတို့ က ဘာစီစဉ်တာလဲတဲ့။ ကျွန်မက မပြောပြဘူး။ သိချင် ၀ယ်ဖတ်လို့  နောက်နေခဲ့တာပါ။

နောက်ပြီး ကျုံတိုင်းရွာသားတွေ အတွက် တစ်ခုခု ပေးချင်တယ်။ ဘယ်နှစ်ယောက်ရှိလဲလို့  ကိုသစ်တို့  ကိုလင်းတို့ ကို စုံစမ်းပါတယ်။ သူတို့ က ၇ယောက်လောက် ရှိမယ်ထင်တယ်။ ဘာပေးမှာလဲတဲ့။ ကျွန်မ ကလည်း မပြောပြခဲ့ပါဘူး။ သိချင်ရင် ဟိုကျမှ ကြည့်ပေါ့လို့ လေ။


တလမ်းလုံး သူတို့  ဘယ်လိုပဲ အစ်မေးပါစေ၊ မပြောပြခဲ့ပါဘူး။ ဒါကြောင့် ကျွန်မ ဘာစီစဉ်လာလဲဆိုတာ ရန်ကုန်က ဆရာ၂ယောက်က ပိုသိချင်ပါတယ်။ အမှတ်တရပေးဖို့ စဉ်းစားတဲ့နေရာမှာ ပထမဆုံး ကျုံတိုင်းသားများအတွက်လို့  တွေးမိချိန်မှာတော့ အားလုံးဟာ စာပေသမားများဖြစ်ကြတယ်။ ဒါကြောင့် စာရေးဖို့  ဘောပင်လေးရယ်၊ စာအုပ်ဖတ်ရင်း သောက်ဖို့  ကော်ဖီထုတ်လေးတွေရယ်က ရိုးရှင်းပြီး အသုံးဝင် မယ်လို့  စိတ်ကူးပြီး ရွေးချယ်ခဲ့ပါတယ်။


ဆုရတဲ့သူတွေကို အမှတ်တရ တစ်ခုခုကို ကျွန်မအနေနဲ့ ပေးချင်မိတာကိုတော့ တော်တော်တွေးရပါတယ်။ အားလုံး ကလည်း ခေသူမဟုတ်တွေချည်းပဲလေ။ တော်ရုံပစ္စည်းဆို သူတို့  စိတ်ဝင်စားမယ် မထင်။ ဒီတော့ ကျွန်မ ပေးမှန်း လည်း သိရအောင် သူတို့ အတွက်လည်း အမှတ်တရ ဖြစ်ရအောင်ဆိုပြီး ကျွန်မ လုပ်နိုင်တဲ့ စိတ်ကူးလေးနဲ့  Hand Made ပစ္စည်းလေးပဲ လုပ်ဖြစ်ခဲ့ပါတယ်။ အဲဒါလေးကတော့…………………………………….

0 comments:

Post a Comment