Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
On 0 comments



အဓိပတိလမ်းကို လျှောက်တိုင်း
ဂျက်ဆင်ရှေ့ ကိုရောက်တိုင်း
အတူ လက်တွဲပြီးလျှောက်ခဲ့ဖူးတဲ့
နေ့ ရက်လေးတွေကို လွမ်းတယ်။
အင်းလျားကန်ဘောင်ကိုရောက်တိုင်း
အတူထိုင်ခဲ့ဖူးတဲ့
ခုံတန်းလျားလေးတွေကို လွမ်းတယ်။
သင်္ကြန်ရက်တွေရောက်တိုင်း
အဆောင်ဝမှာ ဖလားလေးနဲ့ 
ရေလာစောင့်လောင်းတတ်တဲ့
မင်း ပုံရိပ်ကို လွမ်းတယ်။
Anniversary Day တွေရောက်တိုင်း
မင်းပေးတတ်တဲ့
ပို့ စ်ကတ်လေးတွေကို လွမ်းတယ်။
ငါ့င်္မွေးနေ့ တွေရောက်တိုင်း
မင်းပေးခဲ့ဖူးတဲ့
အနမ်းလေးတွေကို လွမ်းတယ်။
ငါ့စာမူလေးတွေ ပါတိုင်း
ကာယကံရှင် ငါ့ထက်ပိုပြီး
လှိုက်လှိုက်လှဲလှဲ ပျော်နေတတ်တဲ့
မင်းအပြုံးလေးတွေကို လွမ်းတယ်။
လမ်းလျှောက်တိုင်းမှာ
ခဏ ခဏ ချော်လဲတတ်တဲ့ ငါ့အတွက်
ကတ္တီပါ ဖိနပ်ပါးလေးတွေ
ဝယ်ပေးတတ်တဲ့ မင်းကို လွမ်းတယ်။
လွမ်းစရာ အားလုံးထဲမှာမှ
မင်းလက်ထပ်သွားခဲ့တာကတော့
ငါ့ဘ၀အတွက်
လွမ်းစရာ အကောင်းဆုံးပါပဲ။
ဘယ်လောက်ပဲ ချစ်တယ်ပြောပြော
စာချုပ်တစ်ခုမှာ
အများအသိမှတ်ပြု လက်မှတ်ထိုးမှ
တရားဝင်သတဲ့လား ....
ချစ်ခြင်းဆိုတာ
သံယောဇဉ်နှောင်ကြိုးတွေ
သိုင်းခြုံရုံနဲ့  လုံလောက်ပြီလို့ 
ငါထင်ခဲ့ပေမဲ့.....
ပကာသနမက်တဲ့
မင်းအသိုင်းအ၀ိုင်းကြားမှာ
ငါ့ချစ်ခြင်းတွေ
နေ၀င်ခဲ့ပြီလေ။

read more "လွမ်းတယ်"

On 0 comments




ချစ်သူ
သင့်ကြောင့် ဖြစ်သော
ဝေနာကို
မကြေညာပေမဲ့
ရင်မှာတော့
ဝေဒနာသစ်ပင်
ဖြစ်တည်ခဲ့ပြီ။
read more "ဝေဒနာသစ်ပင်"

On 0 comments



 

မေ သိစေဖို့


တိတ်တိတ်လေးကြေကွဲ

ဘာမှန်းမသိတဲ့ ခံစားမှု

သဘာဝမကျတဲ့ ဘ၀နဲ့

မရှိမှန်း သိလျှက်နဲ့ ငေးမောမိခဲ့

ညရောက်တော့လည်း မျှော်နေမိ

ဘာကို မျှော်မှန်း မသိ

ပထမ ကြည့်တာက နာရီ

ဒုတိယက မင်းရဲ့ မျက်ဝန်းတစ်စုံ

ကြားယောင်မိနေတာက မင်းရဲ့ဖုန်းသံ

မလာတော့လည်း မျှော်ရ

လာတော့လည်း ပျော်ရ

ဒီလို့နဲ့ အချိန်တွေကုန်

တဖြည်းဖြည်းနဲ့ ပိုချစ်လာ

ချစ်မိတာက အစ

သံယောစဉ်တွေ တွယ်ပြီးမှ

နောက်ဆုံးတော့လည်း

လမ်းခွဲခြင်းနဲ့ အဆုံးသတ်မှာလား

အလွမ်းများနဲ့ အဆုံးသတ်ရမှာလား????

မောင်
read more "ချစ်သူရေးတဲ့ ကျွန်မအတွက် ကဗျာတစ်ပုဒ်"

On 0 comments




နာမည်ဆိုးနဲ့  ကျော်ကြားဖို့ 
ငါတို့ ဘ၀ထဲ မင်းဝင်ခဲ့တာလား
နာဂစ်ရယ်။

ရက်စက် ကောက်ကျစ်လှတဲ့
မြွေတစ်ကောင်လို
မင်းရဲ့ ရိုက်ချက်မှာ
အများက မှင်သက်
ငါတို့ အားလုံးလည်း အံ့သြ
ကမ္ဘာက ငေးမောမိလောက်အောင်
မင်း ချွေချခဲ့တဲ့အသက်တွေ ……………။

မြန်မာပြည်ကို နာမည်ဆိုးနဲ့ 
မင်းမွှေနှောက်လို့ 
ငါတို့ ပြည်သူတွေ
ရေကြည်လည်း နောက်ခဲ့ရ
အိမ်တိုင်လည်း ပျောက်ခဲ့ရ
အမိမဲ့သား
ရေနည်းငါးတွေ
နေရာအနှံ့  ပျံ့ လွင့်ခဲ့ရပြီ။

ကိုယ်တိုင် ရင်မဆိုင်ရပေမဲ့
"နာဂစ်ကယ်ဆယ်ရေး" ခေါင်းစဉ်အောက်မှာ
မင်းရဲ့ ရက်စက်မှုကို
မျက်ဝါးထင်ထင် သိခွင့်ရခဲ့ ..….။

မြစ်ကမ်းစပ်နား ချုံတိုင်ကြားမှာ
တင်ကျန်နေတဲ့ အ၀တ်စတွေ
ဖောင်းပွ ဖောသွပ်နေတဲ့ ရေနစ် ကျွဲနွားတွေ၊
လေထုထဲမှာ လှိုင်သင်းနေတဲ့
မင်းပေးခဲ့တဲ့
ရက်စက်ခြင်း သက်သေ
မကောင်းတဲ့ အနံ့ အသက်တွေ၊
စာသင်ကျောင်းလေးတွေမှာ
စာအုပ်တွေ ဝေပြန်တော့
" တအိမ်လုံးမှာ ကျွန်တော် တစ်ယောက်ပဲ လွတ်တာ
သမီး တစ်ယောက်ပဲ ကျန်ခဲ့တာ
ငါ့ကလေးတွေကျောင်းတက်ဖို့ တောင်
မကျန်ခဲ့တော့ပါဘူး”
ဆိုတဲ့
အပြစ်မဲ့တဲ့ ရှိုက်သံတွေ ……….။

မင်းသိပ်ရက်စက်ပါလား နာဂစ်ရယ်
မင်း ကျီစယ်ခဲ့တဲ့ နာရီပိုင်းအတွင်းက
ဘ၀များစွာ လွင့်ကြွေခဲ့ရ၊
ပြန်မရနိုင်တော့တဲ့ ဘ၀၊စည်းစိမ်၊အသက်တွေ
ငါတို့ ဘယ်လိုပဲ နှစ်သိမ့်ပေးဆပ်ခဲ့ပေမဲ့
ပျောက်ဆုံးသွားတဲ့ သူတို့ ဘ၀တွေက
အမှန်တကယ်ရော အစားထိုးလို့  ရပါ့မလား။

ညရောက်မှာ
ကြောက်နေတဲ့ အဖိုးအဖွားတွေ၊
တိုးဝင်စရာ မိဘရင်ခွင်
မရှိတော့တဲ့ ကလေးငယ်တွေ၊
ရင်ခွင်ထဲ ထွေးပိုက်စရာ
မရှိတော့တဲ့ မိဘတွေ၊
ဒီလူတွေအားလုံးက
မင်းကို အမြဲသတိရ
နာကြည်းနေကြတယ်
နာဂစ်ရယ်။

၃နှစ်ဆိုတဲ့ အချိန်ပြည့်ခဲ့ပေမယ့်
မင်းကြောင့်
ဒုက္ခရောက်သူတွေအတွက်တော့
ဆုတောင်းခြင်းပဲ ငါတို့ တတ်နိုင်ခဲ့။

မင်းကို တစ်ခုပဲ
ငါတို့ မှာပါရစေ နာဂစ်ရေ။

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်
ငါတို့ ဘ၀ထဲကို
မင်း ဘယ်တော့မှ
ပြန်မလာပါနဲ့ တော့လို့  ………။

read more "ဂွတ်ဘိုင်နာဂစ်"

On 0 comments






ငါ၏ မေတ္တာ
များစွာ ဖြန့် ကျက်
ဝဲလျှက်ရှိလည်း
သင့်အပေါ် ချစ်ခြင်း
မြူတစ်ပွင့်မျှ
မစွန်းထင်းခဲ့။


ငါ၏ လှုပ်ရှား
လုပ်ငန်းများသည်
ထင်ပေါ်လို၍
အောင်မြင်လိုခြင်း
အလျဉ်းမရှိ
ငါ ကျိန်ဝံ့သည်။


ငါ၏ လှုပ်ရှား
ငါ့စိတ်ထားကား
မောဟကင်း၍
လောဘမရှိ
ငါ ကျိန်ဝံ့သည်။


မယှဉ်အပ်သော
မတူညီသည့်
ငါ့မေတ္တာနှင့်
ငါ့ချစ်ခြင်းကို
၂ဘက်ယှဉ်၍
ချိန်ခွင်ပေါ်တင်
သင် နှိုင်းယှဉ်လျှင်
သင် သာလျှင်
မှားလိမ့်မည်
ချစ်သူ။
read more "ချစ်သူသိစေ (၄)"

On 0 comments










ငါ၏ စိတ်တွင်း
သနားခြင်း
ဆင်းရဲ၊ ချမ်းသာ
ခွဲခြားမရှိ
အားနည်းသူအတွက်
အမြဲ ဖြစ်၏


ငါ၏ စေတနာ
ငါ့မေတ္တာသည်
ဘာသာမရွေး
လူမျိုးမရှောင်
အသားရောင်မခွဲ
အမြဲပေးသည်
ရင်တွင်းအေးသည့်
အဖြူရောင်သာတည်း။


ငါ၏ မေတ္တာ
အဖြူရောင်အား
လိုအပ်သည့်နေရာ
ခွဲဝေပေးရန်
အချိန်မရွေး
အဆင်သင့် ရှိ၏


သို့ သော်
ထိုအရာသည်
သင့်အတွက် ချစ်ခြင်းကို
အနည်းကျဉ်းမျှ
မယိုယွင်းနိုင်။


ချစ်သည်ဆိုသော
စကားလုံးနှင့်
ချုပ်ကိုင်ခြင်းအား
ငါ စက်ဆုတ်၏


ငါ၏ မာန၊ ငါ့သိက္ခာကို
စော်ကားပါလျှင်
ချစ်သူ မဟူ
မုန်းသူမရှိ
ငါ ထိခိုက်၏
read more "ချစ်သူသိစေ (၃)"

On 0 comments


ချစ်သူ သိစေ
မတွေဝေနှင့်
ငါ၏ ချစ်ခြင်း
အပြစ်ကင်း၏


ချစ်သူ သိစေ
မတွေဝေနှင့်
ငါ၏ စိတ်တွင်း
မာနကင်း၏


ချစ်သူ သိစေ
မတွေဝေနှင့်
ငါ၏ ဖြစ်ခြင်း
မင်းအတွက် ဖြစ်၏


ငါ၏ စိတ်တွင်း
ပျိုခြင်း၊ အိုခြင်း
အလျဉ်းမရှိ
သင့်အတွက်
ချစ်ခြင်းသာလျှင်
အစဉ်ရှိ၏
read more "ချစ်သူသိစေ (၂)"

On 0 comments


သူလာခဲ့တာ
တိတ်တဆိတ်
တို့ မရိပ်မိခင်
သူ ပြန်လှည့် ......


ဒါပေမဲ့
တို့ မသိအောင်
သူ ယူသွားခဲ့တာ
တို့ အတွက်
မခွဲရက်တဲ့
အချစ်တဲ့လား။


ပြန်တောင်းမယ်
ကြံရွယ်ပေမဲ့
နဂို သူ့ စိတ်ကူး
တို့ မသိနိုင်ခဲ့။


သူပြန်ပေးခဲ့တဲ့
လက်ဆောင်ဟာ
တို့ အတွက်
မငဲ့ကွက်
ရက်စက်ခြင်းတဲ့လား


ဒါပေမဲ့
ချစ်သူပေးခဲ့တဲ့
ချစ်ခြင်း
မုန်းခြင်း
ပျော်ရွှင်ခြင်း
ကြည်နူးခြင်း
ရက်စက်ခြင်း
အားလုံးတို့ ကို
ပြုံးပြုံးလေးပဲ
လက်ခံခဲ့တယ်။


ချစ်သူ
ကျေနပ်နိုင်ပါစေ။
read more "ချစ်သူသိစေ (၁)"

On 0 comments

တွေ့ ခွင့်မကြုံ
ဆုံခွင့်မရ
ဘ၀ချင်း
ဘယ်လိုပင်
ဝေးစေအုံးတော့
သူ
ရှိနေသည်
အသိလေးနဲ့ သာ
အစဉ်
ကျေနပ်ကာ
အရင်ကလည်း
နေတတ်ခဲ့တာမို့ 
နောင်လည်း
နေတတ်အုံးမှာပါ။
read more "နေတတ်ဦးမှာပါ"