Showing posts with label ခရီးသားဆောင်းပး. Show all posts
Showing posts with label ခရီးသားဆောင်းပး. Show all posts
On 2 comments

နောက်နေ့  ထမင်းစားခန်းရောက်တော့ ခြေထောက်မှာ စည်းစရာ ပတ်တီးမရှိလို့  ပါလာတဲ့ လည်ပင်းပတ်   ပုဝါကိုပဲ  ခြေထောက်မှာ စည်းပြီး ထော့နဲ့ ထော့နဲ့ နဲ့  လာတဲ့ ကျွန်မကို အားလုံးက လျှောက်နိုင်ရဲ့လား။ သွားနိုင်ပါ့မလားလို့  ၀ိုင်းမေးကြပါတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲနော်။ သွားဖို့  လာခဲ့တာ ဖြစ်အောင်တော့ သွားရမှာပေါ့။ ကိုယ်တစ်ယောက်ထဲ ကားပေါ်ထိုင်ကျန်ခဲ့လို့ မှ အဆင်မပြေတာလေ။ ဒီနေ့ မနက်စာစားပြီး ၈နာရီ ၃၀မိနစ်လောက်မှာ ဟိုတယ်က ထွက်ပြီး Safari World ကို သွားကြပါတယ်။

ဟိုရောက်တော့ Safari World အတွင်းက တိရစ္ဆာန်တွေကို ကားနဲ့  ပတ်ကြည့်ကြပါတယ်။ သဘာဝအတိုင်း လွတ်လပ်စွာ နေနေကြတဲ့ ငှက်တွေ တောရိုင်းတိရစ္ဆာန်တွေကို ကားပေါ်မှာ ပါတဲ့ ကလေးတွေနဲ့  ရောပြီး အာမေဋိတ်သံ အစုံနဲ့  ကြည့်ရ တာလည်း အရသာတစ်ခုပါပဲ။ ကျားတွေ ခြင်္သေ့တွေကို ဒီအတိုင်း လွတ်လပ် စွာ ထားတာကိုလည်း တွေ့ ခဲ့ရပါတယ်။

Sufari World ကို အပြင်ကနေ တပါတ် ပတ်ကြည့်ပြီးတော့ အထဲကို ၀င်ကြပါတယ်။ ချော်လဲထားလို့  လတ်လတ် ဆတ်ဆတ် ခြေထောက်နာတဲ့ ကျွန်မ အတွက်တော့ တကယ့်ကို ပင်ပန်း နာကျင်ခြင်းပါပဲ။ တနေရာနဲ့  တနေရာကလည်း အဝေးကြီးပါ။ လျှောက်လိုက်ရတာလည်း ပြောမနေပါနဲ့ တော့။

ပထမဆုံး မျောက်တွေပြတဲ့ပွဲ (Monkey Show) ကြည့်ပါတယ်။ ရှိုးပွဲတွေကြည့်ရတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမဲ့ ပွဲမစခင် ကြိုတင် နေရာယူရပြီး ထိုင်စောင့်မှ ကောင်းကောင်း အေးအေးဆေးဆေး ကြည့်ခွင့်ရတာပါ။ ဒါပေမဲ့ စင်ပေါ်တက်လိုက် ပြန်ဆင်းလိုက်နဲ့  ခြေထောက်နာသမားအတွက်တော့ အဆင် မပြေလှပါဘူး။

မနက်ပိုင်းမှာ Monkey Show နဲ့ Sea Lion Show ကြည့်ပါတယ်။ ပြီးတော့ နေ့ လည်စာကို Safari Word အတွင်းရှိ Jungle Crusie Restaurant မှာ ဘူဖေး ကျွေးပါတယ်။ ထမင်းစားပြီးတော့ Cow Boy Show နဲ့  Dolphin Show ပွဲတွေ ဆက်ကြည့်ကြ ပါတယ်။ အားလုံးပြီးလို့  Safari World က ထွက်လာတော့ နေ့ လည် ၂နာရီရှိပါပြီ။ ခြေထောက်ကလည်း လျှောက်ထားတာ များလို့  ရောင်ကိုင်းနေပြီမို့  ဆေးထပ်လိမ်းပြီး ဆေး သောက်ရပါတယ်။ အဲဒီကနေ MBK Shopping mall ကို ပို့ ပေးပါတယ်။

MBK Shopping mall မှာ ဈေးဝယ်ဖို့  ၂နာရီလောက် အချိန်ရပါတယ်။ အားလုံးကို ညနေ ၅နာရီမှာ MBK Shopping mall ရဲ့ ကားပါကင်မှာ ပြန်ဆုံဖို့  ချိန်းပါတယ်။ အားလုံးပဲ ကိုယ်စိတ်ဝင်စားရာ နေရာအသီးသီး ဆီကို ဈေးဝယ်ဖို့  ထွက်သွားကြပါတော့ တယ်။ ကျွန်မကတော့ ဖုန်းဝယ်ချင်တာမို့  လျှပ်စစ်ပစ္စည်းတွေ ရောင်းတဲ့ ကောင်တာတွေကို အရင် လိုက်ကြည့်ပါတယ်။

Laptop တွေ၊ ဟန်းဖုန်းတွေ လိုက်ငမ်းတာပေါ့။ နောက်တော့ စိတ်ကြိုက်တွေ့ တာနဲ့  Samsuang Glaxy Mini Touch Phone လေး တစ်လုံးဝယ်ခဲ့ပါတယ်။ ဘတ် ၆၅၀၀ ပဲ ပေးရပါတယ်။ (ဒီဖုန်းလေးကို မနေ့ က MR. Phone မှာတွေ့ လို့  ဈေးမေးကြည့် တော့ ၃သိန်းအတိပါတဲ့။ ကိုယ်ဝယ်လာတာ တော်တော်လေး တန်လို့  စိတ်ချမ်းသာသွားပါတယ်။) ကျွန်မက ဖုန်း Crazy လေ။

အင်္ကျီနဲ့  ဖိနပ်ကတော့ အရမ်းပေါတာပါပဲ။ ဖိနပ်တစ်ရံပြီး တစ်ရံစီးကြည့်လိုက် ရွေးလိုက်နဲ့ MBK က ပြန်လာ ချိန်မှာ ကိုယ့်အတွက်ပဲ ဖိနပ် ၃ရန်၊ ဖုန်း ၁လုံးနဲ့  အင်္ကျီ ၃ထည် ပါလာပါတယ်။ ဒါတောင် ခြေနာနာမို့ နဲ့  ဟိုကြည့် သိပ်မလျှောက်နိုင်လို့ ပါ။ ဒီလိုနဲ့  ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့ ပဲ ညနေ ၅နာရီ ထိုးသွားပါတယ်။ အားလုံး လူစုံပြီး ပြန်ထွက်တော့ ညနေ ၅နာရီ မိနစ် ၃၀ပါ။

ဒီည ညစာကို Chaophraya Princess မှာ စားမှာပါ။ ကျောက်ဖရားမြစ်တွင်းစီး သင်္ဘောပေါ်မှာ ဘန်ကောက် မြို့ ရဲ့ ညနေဆည်းဆာ အလှကို ခံစားကြည့်ရှုရင်း သဘောင်္ပေါ်မှာ ညစာစားမှာ ဖြစ်ပါတယ်။ သင်္ဘောစီးရမဲ့ ဆိပ်ကမ်းကိုရောက်တော့ ညနေ ၆နာရီရှိပါပြီ။ သဘောင်္က ည ၇နာရီ ၃၀မိနစ်မှ စီးရမှာမို့  အဲဒီ ဆိပ်ကမ်းတ ၀ိုက်က ဆိုင်တွေမှာ Shopping ထွက်ရင်း၊ ဓာတ်ပုံရိုက်ရင်းနဲ့  အချိန်ဖြုန်းကြပါတယ်။ ညနေ ဆည်းဆာအလှ ကုန်ဆုံးသွားပြီမို့ သဘောင်္စီးချိန်မှာ မှောင်နေပါပြီ။

၂ထပ်သင်္ဘောပေါ်မှာ ကျွန်မတို့  အဖွဲ့ အားလုံးက အပေါ်ထပ်မှာပါ။ ညစာကတော့ ခါတိုင်းလိုပါပဲ။ ထုံးစံ အတိုင်း ဘူဖေးပဲပေါ့။ စားရတာလည်း နည်းနည်းတော့ ငြီးငွေ့ လာပါပြီ။ ဒါကြောင့် သွားမတိုးတော့ပဲ အေးအေး ဆေးဆေး လူရှင်းချိန်ကျမှ သွားယူပါတော့ တယ်။ ဘန်ကောက်မြို့ ကြီးကတော့ မီးရောင်အောက် မှာ လှပနေတာပါပဲ။ မြစ်အတွင်းမှာ လေလေး တဖြူးဖြူးနဲ့  အရမ်းကို ဇိမ်ရှိ ပါတယ်။ ဘာလို့ လဲဆိုတော့ တာဝန်တွေ အလုပ်တွေကို မေ့ထားခွင့်ရလို့ လေ။

သဘောင်္က ကျောက်ဖရား မြစ်ကြောင်းအတိုင်းသွား တပတ်ပတ်ပြီး ပြန်လာပါတယ်။ ဆိပ်ကမ်းကို ပြန်ရောက် တော့ ည ၉နာရီ ၃၀ မိနစ်။ ထုံးစံအတိုင်း ဟိုတယ်ကို ပြန်ရောက်ဖို့  မိနစ် ၃၀လောက် ကားစီး၊ ဟိုတယ် ရောက်တော့လည်း တနေကုန် လည်ပတ်ထားလို့  မလျှောက်နိုင်လောက်အောင် နာနေတဲ့ ခြေထောက်လေး ကို ကိုယ့်ဘာသာ ဖေးမ အားပေး ဆေးလူး ဆေးသောက်ရင်း အိပ်ရာဝင်ခဲ့ပါတော့တယ်။ ဓာတ်ပုံတိုင်းမှာတော့ ခြေထောက် ပတ်တီးလေးနဲ့ ပေါ့။
read more "2011 ခရီးသွားမှတ်တမ်း (III) "

On 8 comments

ပင်ပင်ပန်းပန်းနဲ့  အိပ်လိုက်တာ Morning Call ခေါ်မှပဲ နိုးပါတော့တယ်။ ရေမိုးချိုး အလှပြင်ပြီး Breakfast ဆင်းစားရင်း တခါထဲ Coral Island ကို သွားဖို့  အထုတ်တွေ ယူပြီးဆင်းလာခဲ့ပါတယ်။ မနေ့ ထဲက သဲဖြူ ကျွန်းကို သွားရင် ရေစိုမှာမို့ လို့  အ၀တ်အစား အပိုထည့်လာဖို့  မှာထားပါတယ်။ Breakfast စားပြီးတော့ ကျွန်မတို့ တွေ ဟိုတယ်ကနေ ကားတွေနဲ့  ပတ္တရားကမ်းခြေက Speed Boat စီးမဲ့နေရာကို မိနစ် ၃၀လောက် သွားရပါတယ်။ ကားပေါ်ရောက်တာနဲ့ တစ်ယောက်ကို မျက်နှာသုတ်ပုဝါ ၁ထည်ဆီ ပေးပါ တယ်။ သဲဖြူကျွန်း မှာ ရေကူးချင် ကူးလို့ ရအောင်ပါ။

ပတ္တရားကမ်းခြေ Speed Boat တွေ ထွက်တဲ့နေရာကနေ  ၁၀မိနစ်လောက် သွားရတဲ့ နေရာမှာ ဘော တံတားလေးတွေ အများအပြား ရှိပါတယ်။ ရေလယ်မှာ ဘောတံတားလို ကုန်းဘောင်နဲ့  လုပ်ထားတာပါ။  အဲဒီမှာ Glider ခေါ် လေထီးတွေ၊ မိုးပျံပူဖောင်းတွေကို လူကိုယ်မှာ ချိတ်တွယ်ပြီး Speed Boat နဲ့  ဆွဲပြီး လိုက်စီးတဲ့ ဟာတွေရှိပါတယ်။

အဲဒီလို စီးချင်တဲ့သူတွေက နာမည်စာရင်းပေး၊တန်းစီ၊ ပြီးရင် အသက်ကယ် အင်္ကျီ Life Jacket တွေ ၀တ်ပြီးစောင့်၊ ကိုယ့်အလှည့်ကျရင် ကိုယ်မှာ စက်လှေနဲ့  ချိတ်ထားတဲ့ လေထီးအတွဲကြီးတွေ ချိတ်ပြီး သူတို့  က အရှိန်နဲ့  ဘောပေါ်ကနေ တွန်းလွှတ်လိုက်တာပါပဲ။ တွန်းလိုက်တဲ့အရှိန်နဲ့  လေထီးက ပွင့်သွားပြီး စက်လှေက ဆွဲတဲ့ အရှိန်နဲ့  လေထဲမှာ ပျံဝဲနေတာမျိုးပါ။ တစ်ခါစီးရင် ဘတ်၃၅၀ ပေးရပါတယ်။ စီးကြည့် ချင်ပေမဲ့ အဲလောက် မစွန့် စားရဲလို့  သူများစီးတာကိုပဲ ငေးမောခဲ့ကြောင်းပါ။

ပြီးတော့ အဲဒီနေရာကနေ မိနစ် ၃၀လောက် Speed Boat ထပ်စီးတော့ သဲဖြူကျွန်းကို ရောက်ပါတယ်။ Speed Boat စီးရတာ အရမ်း အသည်းယားဖို့ ကောင်းပါတယ်။ သူတို့ က တအားမောင်းတာမို့  တချက် တချက် စက်လှေစောင့်ရင် လူကို မြောက်မြောက်တက် သွားတာပါပဲ။ လှေဦးမှာထိုင်တော့ ပိုသိရပါတယ်။

Coral Island ကိုရောက်တော့ ရေက ကြည်လင်လှသလို သဲလေးတွေက ဖြူဆွတ်ပြီး အရမ်းကို လှပပါ တယ်။ ရေထဲကနေ ဆင်းလျှောက်ရတာမို့  ဘောင်းဘီတွေ စိုပါတယ်။ ဒီမှာ ရေချိုးချင် ချိုး၊ ဈေးဝယ်ချင် ၀ယ် အေးအေးဆေးနားဖို့  အချိန် ၂နာရီလောက် ရပါတယ်။ ကျွန်မကတော့ အ၀တ်လဲရ၊ ရေပြန်ချိုးရတာ ဒုက္ခရောက်မှာစိုးလို့  ရေဆင်းမချိုးတော့ပါဘူး။ ဈေးတန်းတလျှောက် လျှောက်ငေးရင်း ပုဇွန်ကင်နဲ့  အုန်းရည် နဲ့  ၀ယ်သောက်ပါတယ်။ ဈေးဆိုင် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဈေးမေးလိုက် မြန်မာငွေနဲ့  တွက်ကြည့် လိုက် ပြန်ချလိုက်နဲ့  အချိန်ဖြုန်းပါတယ်။ ပတ္တရားက ဈေးသည်တွေကတော့ ဈေးတွေ အရမ်းအော်တာပါပဲ။

နေ့ လည် ၁၁နာရီကျော်တော့ မနက်စာကို Coral Island VT Restaurant မှာ Sea Food တွေနဲ့  နေ့ လည် စာ ကျွေးပါတယ်။ အဲဒီ မှာ ကျောက်ပုဇွန်၊ ရေချိုပုဇွန်၊ ရေငန်ပုဇွန်၊ ဂဏန်း အားလုံးကို ပြုတ်ထားပါတယ်။ ငါး ကိုတော့ အချိုကြော်ထားပါတယ်။ ပြောင်းဖူးပြုတ်တွေလည်း ပါပါတယ်။ တတ်သည့်ပညာ မနေသာ ဆိုသလို ပဲ ကိုယ့်ဝိုင်းက လူတွေကို ကျောက်ပုဇွန်တွေ ခွာပေးလိုက်၊ ဂဏန်းတွေကို အထီး၊ အမ ခွဲပြလိုက်နဲ့  မသိတဲ့ သူတွေကို ဆရာလုပ်တာပေါ့။

ပင်လယ်စာတွေ အားပါးတရ စားသောက်ကြပြီးတော့ နေ့ လည် ၁၂နာရီကျော်မှာ ပတ္တရာကို Speed Boat စီးပြီး ပြန်ကြပါတယ်။ ကမ်းခြေ ရောက်တော့ သူတို့ ထုံးစံအတိုင်း Speed Boat ပေါ်တက်တဲ့ပုံတွေကို ဓာတ်ပုံ ရိုက်ထားတာကို ပလပ်စတစ် မှန်ဘောင်သွင်းပြီး ရောင်းပါတယ်။ ထုံးစံအတိုင်း ဘတ် ၁၀၀ပေါ့။  ပြောရ မယ်ဆိုရင် သိပ်မလှပါဘူး။ လှေပေါ် ကုန်းရုန်းတက်နေတာကို ရိုက်ထားတာ ဆိုတော့လေ။ ကိုယ့်ပုံကို သူများ ဆီမှာ ချန်မထားခဲ့ချင်တဲ့ စိတ်နဲ့ ပဲ သိပ်မလှပေမဲ့ ရွေးလိုက်မိရော ဆိုပါတော့။

ကမ်းခြေက ပြန် ကားပြန်စီးပြီး နေ့ လည်ခင်း ၁နာရီလောက်မှာ The Zign Hotel ကို ပြန်ရောက်ပါတယ်။ ဟိုတယ်မှာ ရေမိုးပြန်ချိုးပြီး တခါထဲ Check out လုပ်ပြီး ပြန်ထွက်ပါတယ်။ ပတ္တရာမြို့ က နာမည်ကြီး Outlet Mall Shopping Centre မှာ ဈေးဝယ်ဖို့  ပို့ ပေးမှာပါ။ Shopping မပို့ ခင် Gems Gallery တစ်ခုကို လိုက်ပို့  ပါတယ်။

The World’s Biggest Jewelry Store (BANKOK, CHIANGMAI, PHUKET, PATTAYA) လို့ တော့ ရေး ထားပါတယ်။ အဲဒီ ကျောက်မျက် ပြတိုက်အတွင်းမှာ လူ ၁၅ယောက်စီး ရထားငယ်နဲ့  လှည့်လည်လို့  ကျောက်မျက် တူးဖော်ပုံ အဆင့်ဆင့်ကို ပြခန်းများနဲ့ လှည့်ပတ်ပြသပါတယ်။

ရထား အနည်းငယ်သွားလိုက် ပြကွက်တစ်ခု ရှေ့ ရောက်ရင် မီးတွေလင်းလာပြီး ရှင်းပြလိုက်နဲ့  ၁၅မိနစ် လောက် ကြာပါတယ်။ နောက်ပြီးတော့မှ သူတို့ ရဲ့ ကျောက်မျက်ပြတိုက်ထဲမှာ လိုက်ကြည့်ပြီး အလို ရှိရာ ၀ယ်နိုင်ပါတယ်။ ကျွန်မလည်း ဘယ်ရမလဲ သူတို့ ရဲ့ ပြတိုက်မှာ  ၀ယ်ဖူးတယ်ရှိအောင် 925 ကို ပုလဲ လော့ကက်နဲ့  ဆွဲကြိုးလေးတစ်ကုံးကို ဘတ် ၁၅၀၀ ပေးပြီး ၀ယ်ခဲ့ပါတယ်။

သူတို့ ဆီက အိတ်လေးဆွဲပြီး ထွက်လာတာ ကားပေါ်ရောက်တော့ အားလုံးက အထင်တကြီး ဘာဝယ်လာ တာလဲတဲ့။ ဟ ဟ ဘယ်ရမလဲ။ ခဏလေးပဲ အထင်ကြီး ခံရ ခံရပေါ့နော်။

ကျောက်မျက်ပြတိုက်က ပြန်တော့ ပတ္တရားရဲ့ နာမည်ကြီး Outlet Mall Shopping Centre ကို ပို့ ပေးပါ တယ်။ ဈေးဝယ်ဖို့ လည်း အချိန် ၂နာရီပေးပါတယ်။ အဲဒီမှာ နာမည်ကြီး ကမ္ဘာကျော် Brand အားလုံး ရပါ တယ်။ ဈေးကတော့ လန်ထွက်နေတာပါပဲ။ ဒါနဲ့  တပတ်ပတ် လျှောက်ကြည့်ပြီး အားလုံးကို Window Shopping ပဲလုပ်လိုက်ပါတယ်။

Brand တွေ ကြည့်ပြီးတော့ နောက်ထပ် အဆောက်အဦးတစ်ခုက Shopping Centre ကို အကူး ဘာပဲလုပ် လုပ် တစ်ခုခု ဖြစ်နေကျ ကျွန်မ ထုံးစံအတိုင်း စီးထားတဲ့ ဒေါက်ဖိနပ်က သံမံတလင်းမှာ ချော်ပြီး ပုံပျက် ပန်းပျက် ပြုတ်ကျတော့တာပါပဲ။ နာလိုက်တာမှ အရမ်း။ ဘေးနားက ရှိသူတွေက ကမန်းကတန်း ဆွဲထူပြီး ထ ထ ပြောနေပေမဲ့ ကျွန်မ တော်ရုံနဲ့  မထနိုင်ပါဘူး။ ပြောရမယ်ဆိုရင် ဒီခြေထောက်က ကျိုးတာ ၃ကြိမ် ရှိပါပြီ။ ထလည်းထနိုင်ရော လမ်းလျှောက်လို့  မနိုင်လောက်အောင် ခြေထောက်က နာနေပါပြီ။ နီးစပ်ရာ ကော်ဖီ ဆိုင်လေးမှာ ထိုင်ပြီး လုံးဝ နားလိုက်ရပါတော့တယ်။ ထိုင်နေရင်းနဲ့ ကို ခြေထောက်က ရောင်လာပြီလေ။

ဒီတော့ ဈေးဝယ်ဖို့  ၂နာရီ အချိန်ပေးတာက ပြုတ်ကျတာနဲ့ တင် ဘာမှ မ၀ယ်ဖြစ်လိုက်ပါဘူး။ သူများမှာတဲ့ Samsaung ခေါက်ဖုန်းလေး တစ်လုံးပဲ မှတ်မှတ်ရရ ပါခဲ့ပါတယ်။ ကားပေါ်တက်တော့ ယိုင်တိုင်တိုင် ထော့နဲ့  နဲ့ ပေါ့။ ကားပေါ်က လူတွေထဲမှာ ကျွန်မ ချော်လဲတာ တွေ့ တဲ့သူတွေ ရှိတော့ ကားပေါ်တတ်တာနဲ့  ဘယ်လို နေသေးလဲ။ ဘာဆေးပါလဲ။ ဆေးလူးမလားဆိုပြီး ၀ိုင်းဂရုစိုက် ကြပါတယ်။ သိတယ် မဟုတ်လား။ ဘယ်သွားသွား အရာရာနဲ့  အကြောင်းကြောင်းလေ။

ဈေးဝယ်ပြီး ပြန်ထွက်လာကျတော့ ညနေ ၆နာရီထိုးလုပြီ။ ဘန်ကောက်ကို ၁နာရီ ၃၀မိနစ်လောက် ကားစီးရ မယ်လို့  ဂိုက်က ပြောပါတယ်။ အားလုံးက မောမောနဲ့  ကားပေါ်မှာ အေးအေးဆေးဆေး အိပ်ငိုက်လာကြ တာပေါ့။ ကျွန်မသာ ခြေထောက်နာနေလို့  လှုပ်မရ လှည့်မရ။ တွေ့ တဲ့ဆေးလူးပြီး စနိုးတာဝါလေးကို ပတ်တီး လုပ်စီးလာရတာ။

ဒီလိုနဲ့  ကျွန်မတို့  အဖွဲ့ ဟာ ဘန်ကောက်မြို့ ထဲကို ည ၇နာရီ ၃၀မိနစ်လောက်မှာ ၀င်လာခဲ့ပြီး ညစာ ဘူဖေး စားရမဲ့ Bangkok Chada Hotel ကို ၇နာရီ ၄၅မိနစ်လောက်မှာ ရောက်ပါတယ်။ အဲဒီဟိုတယ်မှာ ညစာ ဘူဖေး စားသောက်ပြီးမှ ကျွန်မတို့  နားရမဲ့ ဘန်ကောက်မှာ နေစဉ်အတွင်းမှာ နေရမဲ့ Riverfront Residence ကို ည ၉နာရီမှာ ရောက်ပါတယ်။

အားလုံးက တနေကုန် ပင်ပန်းပြီး နားချင်နေကြပါပြီ။ ဒီတော့ ကားပေါ်က ဆင်းတာနဲ့  ကိုယ့်အထုတ်ကိုယ် ဆွဲပြီး Check In ၀င်ဖို့  ဟိုတယ်ထဲကို သွားဖို့  စိုင်းပြင်းနေကြပါပြီ။ ဒီမှာ ပြောစရာ ရှိတာက ဟိုတယ်က ဒီ Residence ရဲ့ နောက်ဆုံး မြစ်ကမ်းနားဘေးမှာပါ။ ဟိုတယ်အ၀အထိ ကားသေး သွားလို့ ရပေမဲ့ ကျွန်မတို့  ကားကြီးတွေ ၀င်လို့  မရပါဘူး။

ဒါကြောင့် အထုတ်တွေကို ကိုယ့်ဘာသာကိုယ်ဆွဲ ဒါမှမဟုတ် ဟိုတယ်က ၀န်ထမ်းတွေ လာကြိုတာကို စောင့် ဒီ၂ခုပဲ ရှိပါတယ်။ ဟိုတယ်က လာကြိုတာကို စောင့်ရအောင်ဆိုတာကလည်း လူ၁၁၀ လောက် တပြိုင်ထဲ Check In ၀င်ကြတာမို့  သူတို့ မှာလည်း မနိုင်ပါဘူး။ ဒီတော့ ကိုယ့်အထုတ် ကိုယ်ဆွဲ ၁၀မိနစ်လောက် လမ်းလျှောက်ရုံမှ တပါး အခြားမရှိတော့ပြီလေ။ ဧည့်ခန်းကို ရောက်အောင် ၁၀မိနစ်လောက် လျှောက်ရပါ တယ်။

အဲဒီမှာ ကျွန်မက ဒုက္ခ စရောက်တော့တာပါပဲ။ လောလောလတ်လတ် ချော်လဲလာတဲ့ ဒေါ်မေဇူး တစ်ယောက် တိုင်ပတ်တာပေါ့။ ကိုယ့်အထုတ် ကိုယ်ဆွဲတာ လမ်းတဖြောင့်တည်းဆို ကိစ္စမရှိပေမဲ့ ဟိုတယ်အ၀င် လမ်း တစ်လျှောက် အထစ်တွေ ရောက်တိုင်း အထုတ်ကို မ, မပြီး တက်ရတာ မလွယ်ကူလှပါဘူး။ လမ်းမှာတွေ့  တဲ့သူတိုင်းကတော့ ရရဲ့လား ညီမလေးလို့  မေးပေမဲ့ သူတို့ လည်း ကိုယ့်အထုတ်နဲ့  ကိုယ်မို့  မကူညီနိုင်ပါဘူး။

အဲဒီတော့ နာကျင်မှုက မျက်ရည်ဝဲသည်မှ ကျလုထိ ဖြစ်လာချိန်မှာမှ တစ်ယောက်ယောက်က ပြောလိုက်လို့  သိသွားဟန် တူတဲ့ ဂိုက်က ရောက်ဖို့  သုံးပုံတစ်ပုံလောက် အရောက်မှာ လာပြန်ကြိုတာကြောင့် နည်းနည်း သက်သာသွားပါတယ်။ ဧည့်ခန်းရောက်တော့လည်း အခန်းတွေ ခွဲတာ စိတ်ရှည်လက်ရှည်စောင့်၊ ပြီးတော့ လည်း ဓာတ်လှေခါးစောင့်နဲ့  အခန်းကို ရောက်တော့ ည ၁၀နာရီကျော်နေပါပြီ။

တနေကုန် ပင်ပန်းလာတဲ့ ကျွန်မကို အမောပြေသွားစေတာကတော့ အခန်းထဲ ရောက်တယ်ဆိုရင်ပဲ ၀ရန်တာ လိုက်ကာ ဖွင့်လိုက်တာနဲ့  မြင်လိုက်ရတဲ့ မြင်ကွင်းလေးပါ။ ၁၁ ထပ်မှာရှိတဲ့ ကျွန်မတို့  အခန်း တည့်တည့်မှာ မီးရောင်စုံတွေနဲ့  အရမ်းကို လှပတဲ့ ကြိုးတံတားတစ်ခု၊ မြစ်တစ်စင်းနဲ့  အရှေ့ က မြင့်မားတဲ့ ကွန်ဒို တစ်ခု။ အခန်းလေးကို ရှေ့ မျက်နှာစာ မြင်ကွင်းနဲ့ တင် တော်တော် ကျေနပ်သွားစေပါတယ်။ အခန်းထဲမှာလည်း စတိုခန်း၊ အ၀တ်လဲခန်းအပြင် ချက်ပြုတ် စားချင်ရင်တောင် စားလို့ ရတဲ့ Oven တွေ၊ Microwave မီးဖိုနဲ့  ပန်းကန် ခွက်ယောက် အစုံအလင် ပြည့်စုံစွာ ပါရှိပါတယ်။

ကျွန်မပြုတ်ကျလို့  ခြေထောက်နာသွားတာကို အားလုံးက တွေ့ သွားကြတော့ ဂိုက်ကောင်မလေး က ကျွန်မ ဒဏ်ရာကို တစ်ခေါက် လာကြည့်ပြီး ဆေးသွားယူပါတယ်။ နောက်တော့ လိမ်းဆေးယူပြီး ပြန်လာပြီး သူ ကိုယ်တိုင် ဆေးလာလူးပေးပါတယ်။ နောက်ရက် တွေမှာလည်း ကျွန်မကို ဂရုတစိုက်နဲ့  ဖေးဖေးမမ ကူညီပါတယ်။ သူ့ နာမည်က Miss Peng ပါ။ ချစ်စရာကောင်းတဲ့ ယိုးဒယားမ ချောချောလေးပါပဲ။

အဲဒီနေ့ ကလည်း ပင်ပန်းတာရော ခြေထောက်နာတာရော ပေါင်းပြီး ဆေးသောက် ကြိတ်မှိတ် အိပ်ခဲ့ရ ပါတယ်။ ခရီးစဉ်ရဲ့ ဒုတိယနေ့ လေးပေါ့နော်။





read more "2011 ခရီးသွားမှတ်တမ်း (II)"

On 2 comments

ကျွန်မက ခရီးမသွားရရင် မနေနိုင်သလို ခရီးသွားပြီး ပြန်လာရင်လည်း ပုံတွေ စာတွေကို မာတီမှာ ပြန်မတင်ပဲ မနေနိုင်တဲ့သူ တစ်ယောက်ပေါ့။ ဒါကြောင့် ကျွန်မဆိုဒ်မှာ ဓာတ်ပုံတွေ ပလူပျံနေတာပါပဲ။

ကိုယ့်ဘာသာ သတိ မထားမိပေမဲ့ ကျွန်မဆိုဒ်ကို ကြည့်လိုက်ရင် ဓာတ်ပုံဆိုဒ်တစ်ခုလား ထင်ရအောင် ဓာတ်ပုံတွေ များတယ်လို့  ကိုလင်းအောင်ပြည့်က ပြောပါတယ်။ ကိုသူရိန်ကတော့ အမ အဲလို တင်တော့ လည်း ပတ်ဝန်းကျင် ဗဟုသုတရတာပေါ့တဲ့။ ကိုယ့်ဆိုဒ်မှာတင်တာပဲ ဘယ်သူ့ ကိုမှလည်း မထိခိုက်တော့ တင်သာ တင်ပါတဲ့။ မြိတ်သားကလည်း ကျွန်မရဲ့ ခရီးသွား ဆောင်းပါးတွေ ဖတ်တိုင်း မမေဇူး ခရီး သွားနေသည်ပေါ့တဲ့။ ညီမငယ် သော်တာလေးကလည်း မမ ခရီးသွားတဲ့ပုံတွေ မတင်ဘူးလား လို့  တွေ့ တိုင်း မေးတယ်။ အဲလို မြှောက်ပေးတဲ့သူတွေ ရှိတာကြောင့် ဒီပို့ စ်လေးကို ရေးဖြစ်သလို ဓာတ်ပုံလေးလည်း တင်ဖြစ်ပါတယ်။ သည်းခံ အားပေး ဖတ်ရှုကြပါအုံးနော်။

13.4.11 ကနေ 18.4.11 အထိ Package Tour တစ်ခုရဲ့ အစီအစဉ်နဲ့  ကျွန်မ ဘန်ကောက်ကို ၅ညအိပ် ၆ရက် ခရီးထွက်ဖြစ် ခဲ့ပါတယ်။ ကျွန်မနဲ့ အတူ လိုက်ပါ ခရီးသွားကြပါအုံးနော်။

13.4.11 မနက် မှာ Group Check in  ၀င်ရမှာ ဖြစ်လို့   လေယာဉ်ကွင်းကို ၇နာရီ အရောက် သွားရပါ တယ်။ လေယာဉ်ထွက်ချိန်က မနက် ၈နာရီ ၅၅ မိနစ် MAI နဲ့ ပါ။ လေဆိပ်မှာ လူမမှားအောင်ရယ်၊ အုပ်စုတွေ ရှာရလွယ်အောင်ရယ်  သူတို့  ထုတ်ပေးထားတဲ့ ကျွန်မတို့  အဖွဲ့ ရဲ့ ခရီးသွား Sticker လေးတွေကို ရင်ဘတ် မှာ ကိုယ်စီ တပ်ရင်း နောက်ပြီး Name Card လေးတွေကို လည်း ခရီးဆောင် အိတ်တွေမှာ ချိတ်ရင်းနဲ့  တစ်ယောက်ထဲ ချီတက်လာခဲ့ပါတယ်။

Package Tour နဲ့ သွားတဲ့ ခရီးသည်တွေက အများကြီးပါ။ ကျွန်မတို့  အဖွဲ့ တင် အယောက် ၁၁၀ လောက် ရှိပါတယ်။ လေယာဉ် ပေါ်မှာ MAI Tour ကျွန်မတို့  Tour ရယ်နဲ့  အခြားခရီးသည် ၄-၅ယောက်လောက်ပဲ ပါပါတယ်။ မနက် ၈နာရီ ၅၅မိနစ်မှာ ထွက်မဲ့လေယာဉ်က ရန်ကုန်လေဆိပ်က မနက်၉နာရီ ၃၀မိနစ်မှ ထွက်ဖြစ်ပါတယ်။ MAI Tour ခရီးသည် ၄-၅ ယောက် ကျန်နေတာ စောင့်နေရလို့ ပါတဲ့။

ဒါကြောင့် ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်ကို မနက် ၁၀နာရီ မိနစ် ၃၀ (ထိုင်း စံတော်ချိန် မနက် ၁၁နာရီ) မှ ရောက်ပါတယ်။ လေဆိပ်မှာ ပစ္စည်းရွေးပြီးချိန်ကြတော့ ကျွန်မတို့ တွေကို အုပ်စု၃စု ထပ်ခွဲပါ တယ်။ အစိမ်းရောင်၊ ပန်းရောင်၊ အပြာရောင်ဆိုပြီး ခွဲလိုက်တာပါ။ တစ်စုကို ၃၅ယောက်စီရှိပြီး ကျွန်မက အစိမ်းရောင်အုပ်စုမှာ ပါ ပါတယ်။

လေဆိပ်အထွက်မှာ ဧည့်ကြို ကောင်မလေးတွေက သူတို့ ရဲ့ ပန်းကုံးလေးတွေ စွပ်ပေးပြီး သူတို့ နဲ့  ဓာတ်ပုံတွဲရိုက်ပါတယ်။ (ပြီးတော့မှ သူတို့ ရဲ့ ထုံးစံအတိုင်း ဓာတ်ပုံ ရောင်းတာပေါ့)  လေဆိပ်မှာ နာရီဝက် လောက် ထပ်စောင့်ပြီးချိန်ကြမှ ကျွန်မတို့  စီးရမဲ့ ၂ထပ် ဘတ်စ်ကားကြီးတွေ လာကြိုပါတယ်။ ဒီကားတွေက ကျွန်မတို့  ပြန်လာသည်အထိ အပြင်ထွက်တိုင်း စီးရတာပါ။ အုပ်စု တစ်စုကို ကားတစ်စီးနဲ့  ပစ္စည်းတွေ တင်ပြီး ပတ္တရားကို စတင် ထွက်ခွာခဲ့ပါတယ်။ အုပ်စုတစ်စု ကားတစ်စီးပေါ်မှာ မြန်မာနိုင်ငံက လိုက်လာတဲ့ Guide တစ်ယောက်ရယ်၊ ထိုင်း Guide ယောကျာ်းလေး တစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်စီ ပါဝင်ပါတယ်။

ကိုယ့်အုပ်စုကို ရှာရလွယ်အောင် Guide တွေက အစိမ်းရောင်အုပ်စု ကဆိုရင် အင်္ကျီအစိမ်းရောင်၊ ထီးအစိမ်းရောင်နဲ့  ဆိုင်းဘုတ် အစိမ်းရောင် စသဖြင့် ကိုယ့်အုပ်စုကိုယ် ရှာရလွယ်အောင် ခွဲထားပါတယ်။ သူတို့ ဆီက အရောင်အမှတ်အသားကြည့်ပြီး ကျွန်မတို့  လိုက်ရုံပါပဲ။

ဘန်ကောက်လေဆိပ်ကနေ  ပတ္တရာအထိ ၁နာရီ ၃၀မိနစ် ကျော်ကျော်လောက် ကားစီးရပါတယ်။ ပတ္တရာ သွားတဲ့လမ်းမှာ ထိုင်းရိုးရာမုန့် တွေ ရောင်းတဲ့ (Local Food Market) ကို ၀င်ပို့ ပေးပါတယ်။ အဲဒီ မှာ ရောင်းတဲ့မုန့် တော်တ်ာများများဟာ ထိုင်းအကြိုက် ချိုချိုအီအီ စပ်စပ်တွေ များပါတယ်။ ဒါကြောင့် ဘာမှ သေချာမ၀ယ်ပဲ ကျွန်မကတော့ အမြည်းတွေပဲ လျှောက်စားခဲ့ပါတယ်။

မုန့် ဆိုင်မှာ နာရီဝက်လောက် ခဏနားပြီး ဆက်ထွက်လာတာ ပတ္တရာကို ရောက်တော့ ညနေ ၃နာရီ ထိုးနေ ပါပြီ။ အားလုံးလည်း ဗိုက်ဆာနေကြပါပြီ။ နေ့ လယ်စာကို Phayamai Mueng Restaurant မှာ စားပါတယ်။ ပြီးတော့ ဟိုတယ် မ၀င်သေးပဲ စားသောက်ဆိုင်က မိနစ် ၃၀ လောက် ကားမောင်းသွားရင် ရောက်တဲ့ Khao Chee Chan (Buddha Image with gold bar) ကို ထွက်ခွာခဲ့ပါတယ်။

Khao Chee Chan (Buddha Image with gold bar) ဟာ ကျောက်တောင်ကို မိုင်းနဲ့ ခွဲရာကနေ ဗုဒ္ဓ ရုပ်ပွားတော် ပေါ်ထွက်လာတဲ့အတွက် ဆက်မခွဲတော့ပဲ ပေါ်လာတဲ့ ဒီရုပ်ပွားတော် ကို ရွှေသင်္ဃန်းကပ် ထားခြင်း ဖြစ်ပါတယ်။ ဒီနေရာဟာလည်း ပတ္တရားက နာမည်ကြီးနေရာတစ်ခု ဖြစ်တယ်လို့  ဂိုက်က ရှင်းပြပါတယ်။

ဒီနေရာမှာ လေ့လာကြည့်ရှု ဘုရားရှစ်ခိုးကြပြီးနောက် ပတ္တရားကမ်းခြေက ကျွန်မတို့  တည်းခိုရမဲ့ The Zign Hotel ကို ညနေ ၅နာရီလောက်မှာ ရောက်ရှိခဲ့ပါတယ်။ မြို့ ထဲနဲ့  ၁၀မိနစ်လောက် ကားစီးရင် ရောက်ပါတယ်။ The Zign Hotel ဟာ ပတ္တရား ကမ်းခြေအစပ်မှာ တည်ရှိပြီး ကျယ်ဝန်းလှပါတယ်။ ဟိုတယ် ၀ရန်တာကနေ လှမ်းကြည့်လိုက်ရင် သင်္ဘောကျင်းတွေ ဆိပ်ကမ်းတွေကို လှမ်းမြင်ရပါတယ်။ ကျွန်မတို့ အခန်းက ၉ထပ်မှာ ပါ။

Hotel Check In ၀င် ရေမိုးချိုး၊ ခဏနားပြီး ညနေ ၆နာရီ မိနစ် ၃၀မှာ ညစာ သွားစားဖို့  ဟိုတယ်ကနေ ပြန်ထွက်ကြ ပါတယ်။ ၃၀မိနစ်လောက် ကားစီးလိုက်တော့ ညစာ စားရမဲ့ AA Seafood Restaurant ကို ရောက်ပြီး ညစာ စားကြပါတယ်။ ညစာ စားပြီးချိန်မှာ Alkazar Show (အခြောက်တွေ ကတဲ့ပွဲ) သွားကြည့်ကြမှာပါ။ ဒါပေမဲ့ အချိန်စောသေးတာကြောင့် စားသောက်ဆိုင် အနီးတ၀ိုက်က ညဈေးတန်းလေးမှာ ဈေးဝယ်ရင်း အချိန် ခဏ ဖြုန်းကြပါတယ်။ ည ၈နာရီ မိနစ် ၃၀ လောက်မှာ ကျွန်မတို့ တွေ Alkazar Show ရောက်နေကြပါပြီ။ ပွဲချိန်က ည ၉နာရီ မိနစ် ၃၀မှဆိုတော့ ကျွန်မတို့ တွေ ဟိုငေး ဒီငေးနဲ့  ဓာတ်ပုံ လျှောက်ရိုက် နေကြပါတယ်။

ပွဲက ၉နာရီ မိနစ် ၃၀မှ စပြီး ၁နာရီကျော် ကြာမြင့်ပါတယ်။ အခြောက်တွေက အရမ်းလှသလို ဆက်တင်တွေ ကလည်း တအားကို ကောင်းမွန် သပ်ရပ်တာမို့  ကြည့်ရတာ အရမ်း ကောင်းပါ တယ်။ နိုင်ငံပေါင်းစုံက အကပေါင်းစုံကို အ၀တ်အစား အပြည့်အစုံ၊ ဆက်တင် အပြည့်အစုံနဲ့ မို့  ကြည့်ကောင်းသလို သူတို့ တွေက လှပတာကို ကြည့်ရင်း အခြောက်ဆိုတာတောင် မေ့သွားတဲ့အထိပါပဲ။ ရှိုးပွဲပြီးလို့  ဟိုတယ်ပြန်ရောက်တော့ ည ၁၁နာရီကျော်နေပါပြီ။ ကျွန်မတို့ တတွေလည်း တော်တော် ပြိုင်းနေပါပြီ။ ဂိုက်က မနက်ကျရင် မနက် ၇နာရီမှာ Morning Call ခေါ်ပြီး မနက် ၇နာရီ ၃၀မိနစ်မှာ Breakfast စားလို့ ရပြီး မနက် ၈နာရီမှာ Coral Island သဲဖြူကျွန်းကိုသွားမယ်လို့  ပြောပါတယ်။ ရေကူးချင်ရင်ရော၊ ရေစိုမှာရောတို့ ကြောင့် အ၀တ်ပို ယူလာဖို့  ပြောပါတယ်။ အားလုံးလည်း ပင်ပန်းစွာနဲ့  ကိုယ့်အခန်း ကိုယ်ပြန်နားခဲ့ကြပါတယ်။ ဒါ ပထမနေ့ ခရီးစဉ်ပါ။

read more "2011 ခရီးသွား မှတ်တမ်း(1)"